Pages

Saturday, August 16, 2014

hTC Desire 210 (Dual SIM) စမတ်ဖုန်း


RangonNewsDaily:: August . 16 .2014
မျက်နှာပြင် အရွယ်အစား လေးလက်မ ရှိတဲ့ hTC Desire 210 ဟာ ငွေကျပ် တစ်သိန်း ဝန်းကျင်လောက်နဲ့ International Brand စမတ်ဖုန်း အသုံးပြုလိုသူများ အတွက် အထူးသင့်တော်တဲ့ ဖုန်းဖြစ်ကာ အခုချိန် 3G ဆင်းကတ်တွေ ပေါ်လာတဲ့ အတွက် 3G Network ကို ထောက်ပံ့ပေးတဲ့ အပြင် အင်တာနက် အသုံးပြုတဲ့ အချိန်မှာလည်း လိုင်းဆွဲအား အထူးကောင်းမွန်တာကြောင့် အသုံးပြုသူများ အကြိုက်တွေ့စေမှာပဲ ဖြစ်ပါတယ်။
Dual SIM ဖြစ်တာကြောင့် ရိုးရိုး 2G GSM ဆင်းကတ်ရော 3G ဆင်းကတ်ကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ အသေးစိတ် အချက်အလက် တွေကတော့ 

1GHz Dual-Core CPU , Memory 512 MB RAM တို့နဲ့အတူ Internal Storage 4GB ပါဝင် ပြီးသား ဖြစ်ကာ Storage ကိုထပ်မံတိုးချဲ့ လိုသူများ အနေနဲ့ External MicroSD Card 32 GB အထိ ထပ်မံ တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။ 

ကင်မရာပိုင်းမှာ ဆိုရင် Main Camera မှာ 5 MP ပါဝင်ပြီး Front Camera ကို 0.3 MP ထည့်သွင်း ထားတာ ဖြစ်တာကြောင့် Video Call ခေါ်ဆိုမှုများ အပါအဝင် အခြား စွမ်းဆောင်ရည် များစွာကို ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ 

ထို့အပြင် အင်တာနက် ကောင်းကောင်း အသုံးပြုလိုသူများ အတွက် ဈေးနှုန်း ချိုသာပြီး သင့်တော်တဲ့ hTC Desire 210 စမတ်ဖုန်းကို KMD အရောင်း ဆိုင်ကြီးများမှာ ဝယ်ယူပါက အင်တာနက် ပါဝင်ပြီး 3G SIM Card ? Prepaid Card မေတ္တာလက်ဆောင်များနဲ့ အတူ သိန်း ၅ဝ ကျော်တန် hTC Gold Present ကံစမ်း ခွင့်ကိုပါ ရရှိမှာပဲ ဖြစ်ပါတယ်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment