Pages

Saturday, August 16, 2014

ပုံညာတောင်အဆင်းတွင် ကုန်ကားတစ်စီး တိမ်းမှောက်၊ ငါးဦးသေဆုံး

RangonNewsDaily:: August . 16 .2014
ဂန့်ဂေါ-ပုလဲ-ဟားခါး လမ်း ပုံညာတောင်အဆင်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ တောင်ကမ်းပါးယံနှင့် တိုက်မိပြီး တိမ်းမှောက်သွား၍ ကားပေါ်ပါလာသော လူငါးဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ‘‘တော်ဝင်စံသူထိုက်’’ကုမ္ပဏီမှ ခြောက်ဘီးယာဉ်တစ်စီးသည် ဆင်တံဆိပ်ဘိလပ်မြေအိတ် ၁၀၀ နှင့် လမ်း အလုပ်သမား ၂၁ ဦးကို တင်ဆောင်လာပြီး မန္တလေးမှ ဟားခါးသို့ မောင်းလာစဉ် သြဂုတ် ၁၃ ရက် နံနက်အချိန်က ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ -ပုလဲ-ဟားခါးလမ်း၊ ပုံညာတောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး ကမ်းပါးယံနှင့် တိုက်မိကာ လမ်းညာဘက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားတိမ်းမှောက်သဖြင့် ကားပေါ်ပါလာသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစု ပေါင်း ၅ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကြပြီး ကျန်ခရီးသည် ၁၆ ဦးမှာ ဒဏ်ရာများရခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသူများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်၊ ကျောတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။ ထို့ကြောင့် ယာဉ်မောင်းသူအား ဂန့်ဂေါမြို့မရဲစခန်းမှ ပြစ်မှုဆိုင် ရာ ပုဒ်မ-၃၃၇/၃၃၈/၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားသည်။

အလားတူသြဂုတ် ၉ ရက် ညနေပိုင်းက မကွေးတိုင်းဒေသ ကြီး၊ မင်းလှမြို့နယ်၊ ရွှေချောင်း တံတားအနီး၊ ပုသိမ်-မုံရွာ ကား လမ်းပေါ်တွင် မိုပဒါန်းဘက် မှ မင်းတုန်းဘက်သို့ မောင်းလာ သော ကင်တာအမျိုးအစားခရီး သည်တင်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့၍ ငါးဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒဏ်ရာရသူများကို မင်းတုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသခဲ့ပြီး ယာဉ်မောင်းသူအား ရေနံမနယ်မြေရဲစခန်းမှယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၇/ ၃၃၈/၃၀၄(က) ဖြင့် အမှုဖွင့် အရေးယူထားသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment