Pages

Saturday, August 9, 2014

ဇူလိုင်လအတွင်း စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်တိုးလာ

RangonNewsDaily:: August . 9 .2014
ဇူလိုင်လအတွင်း အစိုး ရတပ်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြား လက်နက် ကိုင်ပဋိပက္ခ ၁၆ ကြိမ် ဖြစ်ပွားခဲ့ ပြီး စစ်ဘေးဒုက္ခသည်ဦးရေ တစ် ထောင်ကျော် ထပ်မံတိုးမြင့်လာ ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဖြစ် စဉ် လေ့လာစောင့်ကြည့်သော Myanmar Peace Monitor စစ် တမ်းတွင် ဖော်ပြထားသည်။

လက်နက်ကိုင် ပဋိပက္ခများ မှာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဆက်စပ်ဒေသ များတွင် အများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အစိုးရတပ်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ကေအိုင်အေ၊ မဟာမိတ်တပ် ပေါင်းစုတို့ကြား တိုက်ပွဲများ ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများ ကြောင့် ဇူလိုင်လအတွင်း ဒေသခံ ပြည်သူ ၁၃၀၀ ကျော် နေရပ်များ ကို စွန့်ခွာနေရပြီး ၂၀၁၄ ခုနှစ် အတွင်း တိုးမြင့်လာသော စစ် ဘေးဒုက္ခသည် ဦးရေမှာ တစ် သောင်းကျော်အထိ ရောက်ရှိလာ ပြီဖြစ်သည်။

ပြီးခဲ့သည့် မေလမှစတင်၍ ကချင်ပြည်နယ်၌ တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မူ ယခုလပိုင်းအတွင်း တိုက်ပွဲများဆက် တိုက် ပြန်လည်ဖြစ်ပွားနေခြင်းဖြစ် သည်။

ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် စစ် ဘေးဒုက္ခသည်ဦးရေမှာ တစ် သိန်းခွဲကျော်ရှိပြီး လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသော ရှမ်း မြောက်ဒေသများတွင် အကူအ ညီများ ပေးအပ်ရန် လိုအပ်နေ ကြောင်း ဒေသတွင်း လူမှုအဖွဲ့အ စည်းများက ဆိုသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily

 

0 comments:

Post a Comment