Pages

Saturday, August 9, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တွေ့မည်

RangonNewsDaily:: August . 9 .2014
အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် မြန်

မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် သြဂုတ်လ ၁၀ ရက်နေ့၌ တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက ပြောဆိုသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပသော အာဆီယံ ဆက်စပ် အစည်းအဝေးများသို့ ပထမဆုံး တက်ရောက်လာသော ဂျွန်ကယ်ရီသည် အစည်းအဝေး ပြီးဆုံးသည့် တနင်္ဂနွေနေ့ ညနေတွင် နေပြည်တော်မှ ရန်ကုန်မြို့တော်သို့ ချက်ချင်းထွက်ခွာလာပြီး ဒေါ်အောင်ဆန်းစု
ကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

“သူက ညနေပိုင်းမှာ နေပြည်တော်က ကူးလာမှာဆိုတော့ တွေ့မယ့်အချိန် နောက်ကျနိုင်တယ်” ဟု ဦးကြည်

တိုးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန်ကယ်ရီတို့ သြဂုတ်လ ၁၀ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် တွေ့ဆုံရန် စီစဉ်

ထားခြင်း ဖြစ်ပြီး တွေ့ဆုံပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ဆက်တိုက် ပြုလုပ်သွား
မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒများ သိသိသာသာ ပြောင်းလဲလာခဲ့ပြီး အိုဘားမား အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်

တန် မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့သည်။

ယခု ဂျွန်ကယ်ရီ၏ ခရီးစဉ်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ တတိယအကြိမ် ခရီးစဉ်အဖြစ် မှတ်တမ်း

ဝင်မည် ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် လက်ထက်တွင် အမေရိကန်ပြည်ထောင်စုနှင့် မြန်

မာနိုင်ငံတို့ ဆက်ဆံရေး အတိုးတက်ဆုံး ကာလတစ်ခု ရောက်ရှိခဲ့သော်လည်း ဂျွန်ကယ်ရီ၏ ခရီးစဉ်၌မူ ကွန်ဂရက် အမတ်အချို့က မြန်မာအစိုးရအပေါ် ဆက်ဆံမှု ပုံစံပြောင်းလဲရန်နှင့် တိုင်းရင်းသားအချို့က သမ္မတဦးသိန်းစိန် အစိုးရကို ဂျွန်ကယ်ရီမှတစ်ဆင့် ဖိအားပေးခြင်းများ ပြုလုပ်ရန် တောင်းဆိုထားသည်။

The Voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment