Pages

Saturday, August 9, 2014

ဒလမြို့နေ ပြည်သူလူထု၏ ဘဝအခြေအနေကို ဗြိတိန်သံအမတ်ကြီး သွားရောက်လေ့လာ


RangonNewsDaily:: August . 9 .2014
ရန်ကုန်မြို့တော် တစ်ဖက်ကမ်းရှိ ဒလမြို့မှ ပြည်သူလူထုများ ရန်ကုန်မြို့သို့ မည်သို့ ကူးသန်းသွားလာ အလုပ်လုပ်ကိုင်ကြပုံနှင့် ဒလမြို့နေ ပြည်သူလူထု၏ ဘဝအခြေအနေကို သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်

ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်က သွားရောက် လေ့လာခဲ့ကြောင်း ဗြိတိန်
သံရုံးထံမှ သိရသည်။
ဗြိတိန်သံအမတ်ကြီး၏ ခရီးစဉ်မှာ ဒလမြို့နေ ပြည်သူအများစု တစ်ဖက်ကမ်း ရန်ကုန်မြို့တော်သို့ မည်သို့ သွားရောက် အလုပ်လုပ်ကိုင်ကြပုံကို အဓိက သွားရောက် လေ့လာခြင်း ဖြစ်ပြီး ဒေသခံအချို့နှင့် တွေ့ဆုံ စကားပြောဆိုခဲ့ကြောင်း ဗြိတိန်သံရုံးက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

“ကျွန်တော် မနက်တိုင်း ရုံးကို လာတဲ့အခါ ဒလဘက်ကမ်းကနေ ရန်ကုန်ကို အလုပ်လာလုပ်ကြတဲ့ သူတွေ
ကို တွေ့ရတော့ သူတို့ လူမှုဘဝတွေ ဘယ်လိုရှိနေလဲဆိုတာ သိချင်တဲ့အတွက် သွားလေ့လာကြည့်တာပါ” ဟု ဗြိတိန်သံအမတ်ကြီးက ပြောဆိုသည်။


ယင်းသို့ သွားရောက်ရာတွင် ဒလဘက်ကမ်းရှိ ကျေးရွာအချို့မှ ရန်ကုန်သို့ အလုပ်သွားရောက် လုပ်ကိုင်ကြသူများမှာ မနက်တိုင်း အချိန် ၂ နာရီခန့် သွားလာရေးအတွက် အချိန်ကုန်ကြသည်ကို တွေ့ရကြောင်း၊ သို့သော် ရန်ကုန်ဘက်ကမ်းသို့ ကူးသန်း အလုပ်လုပ်ခမှာ များပြားလှသည် မဟုတ်ဘဲ အချို့မိသားစုများမှာ ကလေးကျောင်းစရိတ် အတွက်ပင် အနိုင်နိုင် ရုန်းကန်နေရသည်ကို သတိထားမိခဲ့ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

မြန်မာပြည်သူလူထု၏ လူမှုဘဝ အမှန်ကို လက်တွေ့ သိရှိရသည့်အတွက် ဗြိတိန်အပါအဝင် အီးယူနိုင်ငံ

များက မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီရန် အလေးအနက် စဉ်းစားလုပ်ဆောင်နေကြောင်း ဗြိတိန်သံအမတ်ကြီးက ဆိုသည်။

သံအမတ်ကြီး မစ္စတာအန်ဒရူး ပက်ထရစ်မှာ အခါအားလျော်စွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ခရီး

ထွက်လေ့ ရှိသူဖြစ်ပြီး မြန်မာနိုင်ငံ ကျေးလက်ဒေသ အနှံ့အပြားရှိ လူနေမှုဘဝများကို သွားရောက် လေ့
လာခြင်း၊ ဗြိတိန်နှင့် နိုင်ငံတကာ အကူအညီများ လက်တွေ့အသုံးချမှုကို ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဗြိတိန်သံရုံးထံမှ သိရသည်။

ဒလဘက်ကမ်းသို့ ဗြိတိန်သံအမတ်ကြီး သွားရောက်လေ့လာမှု သတင်းနှင့် ပတ်သက်၍ သံရုံး လူမှုကွန်ရက် စာမျက်နှာတွင် မြန်မာများက ချီးကျူးလေးစားကြောင်း မှတ်ချက်ပြု ရေးသားထားပြီး မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်များလည်း သံအမတ်ကြီးကဲ့သို့ လက်တွေ့ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်သင့်ကြောင်း အကြံပြု ရေးသားခဲ့သည်။

The Voice, KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment