Pages

Saturday, August 9, 2014

လိုင်စင်မဲ့ လေသေနတ်များ၊ Air Soft Gun သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိသဖြင့် အရေးယူ



RangonNewsDaily:: August . 9 .2014
၇.၈.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မဒါနလမ်းရှိ ကိုထွဋ်ဟန်၊ (၄၁)နှစ်၊ (ဘ)ဦးမျိုးဟန်၏ နေအိမ်တွင် လိုင်စင်မဲ့လေသေနတ်များ သိုလှောင်ထားကြောင်းသတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ စိစစ်ခဲ့ပါသည်။ ထိုသို့ရှာဖွေခဲ့ရာ ကိုထွဋ်ဟန်၏နေအိမ်၊နေအိမ်သီးသန့်ခန်းနှင့်နေအိမ်ခေါင်းရင်းရှိဂိုဒေါင်တို့အတွင်းမှ သံ
ကိုယ်ထည် ဂက်စ်ဘူးဖြင့်အသုံးပြုရပြီး ရွှေ/ငွေရောင်သံဘောစေ့ဖြင့်ပစ်ခတ်ရသောသော လေသေနတ် (
Air Gun)အရှည်(၂)လက်နှင့် အတို(၆)လက်၊ စုစုပေါင်း(၈)လက်၊ ကော်စေ့ဖြင့် ပစ်ခတ်ရသော (Air Soft Gun)သေနတ်အတို(၁၀)လက်၊ အရှည်(၈၆)လက်၊ စုစုပေါင်း(၁၀၄)လက်၊ အသုံးပြုနည်းစာအုပ်များနှင့် ဆက်
စပ်ပစ္စည်းများဖြစ်သည့် ရွှေ/ငွေရောင်သံဘောစေ့များ၊ ကော်စေ့များနှင့်ဂက်စ်ဘူးများကို တွေ့ရှိသိမ်းဆည်း
ရမိခဲ့ပါသည်။

ယင်းသို့ လူကိုထိမှန်လျင်အန္တရာယ်ဖြစ်စေနိုင်သော သံဘောစေ့ထည့်၍ ပစ်ခတ်ရ သည့် လိုင်စင်မဲ့လေသေ
နတ်များနှင့်ဆက်စပ်ပစ္စည်းများအားလက်ဝယ်ထားရှိခြင်း၊ရောင်းဝယ်ခြင်းများပြုလုပ်သဖြင့် တာမွေမြို့မ
ရဲစခန်း(ပ)၄၃၀/၂၀၁၄၊၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ-၁၉(စ) ဖြင့်လည်းကောင်း၊
 
တွေ့ရှိရသည့်လေသေနတ်များနှင့် ကော်စေ့ထည့်၍ပစ်ခတ်ရသည့် သေနတ်များ၊ဆက်စပ်ပစ္စည်းများသည် 
အကောက်ခွန်မဲ့တင်သွင်းလာသည့်ပစ္စည်းများဖြစ်ကြောင်း စိစစ်သိရှိရ သဖြင့် တာမွေမြို့မရဲစခန်း(ပ) ၄၃၁
/၂၀၁၄၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် လည်းကောင်း ကိုထွဋ်ဟန်အား အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police , KOLATT(PBDN)
RangonNewsDaily
 



 

0 comments:

Post a Comment