Pages

Friday, July 11, 2014

ဘရာဇီးနိုင်ငံတွင် ဆမ်ဆောင်းစက်ရုံ ဓားပြတိုက်ခံရ

RangonNewsDaily:: July . 11 .2014
ဘရာဇီးနိုင်ငံရှိ ဆမ်ဆောင်းစက်ရုံမှ လျှပ်စစ်ပစ္စည်းများ ဒေါ်လာ(၆)သန်းဖိုးခန့်ဓားပြတိုက်ခံခဲ့ရသည်။ ဓားပြအဖွဲ့တွင် လူပေါင်း
(၂၀)ပါဝင်ပြီး ဆော်ပေါ်လိုရှိတောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းစက်ရုံကို ဇူလိုင်လ(၇)ရက်နေ့ အရုဏ်မတက်ခင်အချိန်တွင် ဓားပြတိုက်ခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် အလုပ်သမား(၁၀၀)ခန့်က စက်ရုံထဲတွင် အလုပ်လုပ်နေကြသည်။
ဓားပြများသည် အလုပ်သမားအချို့ကို ဓားစားခံလုပ်ခါ (၃)နာရီကြာ အချိန်ယူပြီး မိုဘိုင်းဖုန်း(လေးသောင်း)၊ notebookကွန်ပျူ
တာများနှင့် တခြားပစ္စည်းများကို ကုန်တင်ကား(၇)စီးဖြင့် တင်သွားကြသည်။ ဓားပြများက စက်ရုံထဲသို့ မ၀င်မီ အလုပ်သမားများ စီးလာသော ကားတစ်စီးကို တိုက်ခိုက်ပြီး ဓားစာခံ လုပ်ခဲ့ကြောင်း ဒေသခံရဲကပြောသည်။ 

ရဲများက စက်ရုံတွင်တပ်ဆင်ထားသောလုံခြုံရေးကင်မရာများကိုကြည့်ပြီး အမှုမှန်ပေါ်ပေါက်ရန် ကြိုးစားနေကြောင်း ဆင်ဟွာသ
တင်းမှ သိရသည်။

SkyNet TV Browser , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment