Pages

Friday, July 11, 2014

ကမ္ဘာ့ဖလားတွင် လူသိများလာရာမှ မော်ဒယ်လ်ဖြစ်လာသည့် ဘယ်လ်ဂျီယံ ဘောလုံးပရိသတ် မိန်းကလေး


RangonNewsDaily:: July . 11 .2014
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရုပ်မြင်သံကြား ထုတ်လွှင့်ပြသမှုများအတွင်း လူအများ သတိပြုမိလောက်အောင် ထင်ရှားခဲ့သည့် ဘယ်လ်ဂျီယံ ဆယ်ကျော်သက် မိန်းကလေး ပရိသတ် တစ်ဦးကို L’Oreal က မော်ဒယ်လ်အဖြစ် စာချုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အသက်(၁၇)နှစ်သာ ရှိသေးသည့် အေဆယ်လာ ဒက်စ်ပီဂီလာရီသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း ဘယ်လ်ဂျီယံအသင်းကို လိုက်လံအားပေးရင်း ဗီဒီယို မှတ်တမ်းများမှတစ်ဆင့် လူသိများလာသူ တစ်ဦးဖြစ်သည်။ သူမ၏ လှပချောမောသော ပုံရိပ်ကို Facebook နှင့် Twitter တို့ အပါအဝင် Social Media ဝက်ဘ်ဆိုက်များတွင် လူအများက ဝေမျှခဲ့ကြသည်။

ဘယ်လ်ဂျီယံသည် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားကို ရှုံးနိမ့် ထွက်ခွာခဲ့သော်လည်း ဒက်စ်ပီဂီလာရီ၏ ပုံရိပ်များမှာ အင်တာနက်တွင် ဆက်လက် ရေပန်းစားနေဆဲ ဖြစ်သည်။

ထို့ကြောင့်လည်း နာမည်ကျော် အလှကုန်လုပ်ငန်း L’Oreal က သူမကို သတိပြုမိသွားပြီး မော်ဒယ်လ်တစ်ဦးအဖြစ် စာချုပ်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဒက်စ်ပီဂီလာရီသည် L’Oreal ၏ ထုတ်ကုန်သစ် ကြော်ငြာဗီဒီယို တစ်ခုတွင် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ခွင့် ရထားကြောင်းလည်း သိရသည်။

Mirro , 7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment