Pages

Friday, July 11, 2014

တင်းနစ်လောကရဲ့ လင်းလက်လာတဲ့ကြယ်တစ်ပွင့်


RangonNewsDaily:: July . 11 .2014
ကနေဒါနိုင်ငံက ဆယ်ကျော်သက်အရွယ် တင်းနစ်အားကစားမယ် ယူဂျင်းဘိုချက်ဟာ တင်းနစ်လောကမှာ လူသိများလာတဲ့ အား
ကစားမယ် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဝင်ဘယ်ဒန်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းလာခဲ့ပြီးနောက် တင်းနစ်လော
ကမှာ လူသိများခဲ့တာ ဖြစ်ပါတယ်။
ဘိုချက်ဟာ တင်းနစ်လောကမှာ နာမည်ကြီးနေတဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာ၊ ရိုမေးနီးယားတင်းနစ် မယ်စီမိုနာလတ်တို့ကို အနိုင်ယူပြီး နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက်၂ဝအရွယ်သာရှိသေးတဲ့ ဘိုချက်ဟာ ဒီလိုဂရင်းဆလမ် ပြိုင်ပွဲကြီးမှာ နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်မှုမှာ ကနေ

ဒါအမျိုးသမီး တင်းနစ်မယ်တစ်ဦးအနေနဲ့ ပထမ ဆုံးအကြိမ် ဖြစ်ပါတယ်။

ဘိုချက်ဟာဒီနှစ်ထဲမှာပဲ ဂရင်းဆလမ်ပြိုင်ပွဲနှစ်ခုမှာ အကြိုဗိုလ်လုပွဲများအထိ တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ 


ဝင်ဘယ်ဒန်အိုးပင်းတင်းနစ် ဗိုလ်လုပွဲမှာ ချက်သမ္မတနိုင်ငံမှ တင်းနစ်အကျော်ပီထရာဗစ်တိုးဗားကို ရှုံးနိမ့်ခဲ့ပေမယ့် ကျေနပ်မိပါ
တယ် လို့သူကဆိုပါတယ်။ ''ကျွန်မဒီပွဲမှာ ဗိုလ်မစွဲနိုင်ခဲ့ပေမယ့် ကျေနပ်ပါတယ်။ ဒီလောက်အထိ အောင်မြင်လာလိမ့် မယ်လို့ ထင်မထားခဲ့မိပါဘူး။ ကျွန်မ ကိုယ်ကျွန်မ ဂုဏ်လည်းယူမိပါတယ်'' ဟုဘိုချက်ကဆိုပါတယ်။

ဘိုချက်သည် ဝင်ဘယ်ဒန်ပြိုင်ပွဲ အပြီးမှာတော့ ကမ္ဘာ့ထိပ်တန်း ၁ဝ ဦးဝင် ကစားသမားဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၁၃သာ

ရှိတဲ့ ဘိုချက်ဟာ ဝင်ဘယ်ဒန်အပြီး ကမ္ဘာ့အဆင့် ၇ နေရာကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဘိုချက်ဟာလွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဝင်ဘယ်ဒန်ဖလား ဂျူနီယာပြိုင်ပွဲမှာ ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နိုင်ပွဲတွေ
ရဖို့ ယုံကြည်မှုတွေအပြည့်ရှိနေတယ်လို့ ၄င်းကပြောပါတယ်။သူမဟာဒီနှစ်ထဲမှာ သိသိသာသာနိုင်ပွဲတွေ ဆက်တိုက်ဆင်နွှဲနိုင် ခဲ့ပါတယ်။ 

ဒီနှစ်အတွင်း အကြိုဗိုလ်လုပွဲ နှစ်ကြိမ်တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲတစ်ကြိမ် တက်ရောက် နိုင်ခဲ့ပါတယ်။ ဝင်ဘယ်ဒန်ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက် နိုင်ခဲ့တဲ့အတွက် ယုံကြည်မှုတွေလည်း တိုးလာမှာဖြစ်ပါတယ်။ သူဟာ တင်းနစ်လောကရဲ့ လင်းလက် တောက်ပလာမယ့်ကြယ်တစ်ပွင့်လို့ ဆိုရမှာဖြစ်ပါတယ်။

Myanmaalinn , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment