RangonNewsDaily:: July . 11 .2014
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ခွပ်ဒေါင်းအလံနှင့် ဗီနိုင်း အားကျောင်းအာဏာပိုင်များက ဇူလိုင်၉ရက်နေ့ညပိုင်းက
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအားအသိပေးအကြောင်းကြားခြင်းမရှိဘဲ တိတ်တဆိတ်ဖြုတ်ချသိမ်းဆည်းခဲ့မှုကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအသင်းမှာ ဇူလိုင်၁၀ရက်နေ့ နေ့လည်၂နာရီတွင် ဆန္ဒပြခဲ့ကြပြီး ပါမောက္ခချုပ်အနေဖြင့်ခွပ်ဒေါင်းအလံအားကိုယ်တိုင် မပေးအပ်လျှင် ပိုမိုပြင်းထန်သည့်ဆန္ဒပြပွဲများ ထပ်မံပြုလုပ်သွားမည်ဟုဒဂုံတ.ကသအဖွဲ့မှသိရသည်။
ဒဂုံတ.က.သအဖွဲ့အနေဖြင့် ခွပ်ဒေါင်းအလံသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီးဇူလိုင်၁၀ရက်နေ့ နေ့လည်၁နာရီတွင် အလံများ
၊ဗီနိုင်းများသိမ်းဆည်းရန် လုံခြုံရေးများအားအမိန့်ပေးခဲ့သည့် ပါမောက္ခချုပ်ဒေါက်တာလှလှဌေးကိုတွေ့ဆုံပြီး ပါမောက္ခချုပ်
တစ်ယောက်အနေဖြင့် ဒဂုံတ.က.သသို့တလေးတစားပြန်လည်အပ်နှံပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်း
တစ်ယောက်အနေဖြင့် ဒဂုံတ.က.သသို့တလေးတစားပြန်လည်အပ်နှံပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်း
ဆန်ခဲ့ခြင်းကြောင့် ယင်းနေ့ နေ့လည်၂နာရီခန့်တွင် အဖွဲ့ဝင် ၃၅ဦးခန့်ဖြင့်ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ဆန္ဒပြခြင်းနှင့်ပတ်သက်ပြီး ဒဂုံတ.က.သဥက္ကဌက’’ဇူလိုင်၉ရက်နေ့ညပိုင်းမှာ ခွပ်ဒေါင်းအလံ၊ဗီနိုင်းတွေကိုတိတ်တ
ဆိပ်ဖြုတ်ယူသွားခဲ့ကြတယ်။
ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့တွေ ပါမောက္ခချုပ်နဲ့တွေ့ပြီးတောင်းဆိုတယ်။ ဖြုတ်သွားတဲ့အလံကိုလုံခြုံရေးတွေကနေတစ်
ဆင့်ပြန်ပေးပေမယ့် အခုက အမိန့်ပေးလုပ်ခိုင်းခဲ့တဲ့ ပါမောက္ခချုပ်ကတစ်ဆင့်ပြန်ပေးဖို့တောင်းဆိုခဲ့တယ်။
ဒါပေမဲ့သူကတောင်းဆိုမှု ကိုငြင်းဆန်ခဲ့တယ်။ဒါ့ကြောင့်ဒီထက်ပိုပြင်းထန်တဲ့ဆန္ဒပြတောင်းဆိုမှုတွေထပ်လုပ်သွားမယ်။ လာမယ့်
အင်္ဂါနေ့ကို ဒီနေ့ထပ်များတဲ့ ကျောင်းသားတွေနဲ့ဆန္ဒပြသွားမယ်”ဟုပြောခဲ့သည်။
::
ဒဂုံတ.က.သရုံးခန်းကိုဒဂုံတက္ကသိုလ်နားနေဆောင်အမှတ်(၁)တွင်ဖွင့်လှစ်ထားရှိထားပြီး ခွပ်ဒေါင်းအလံ၊ဗီနိုင်းများကိုလုံခြုံရေးများကမသိမ်းဆည်းခင်က ဒဂုံတ.က.သအ
မှုဆောင်အချို့အားသက်ဆိုင်ရာမေဂျာဌာနမှူးများကခေါ်ယူတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း ဒဂုံတ.က.သဥက္ကဌကပြောခဲ့သည်။

Yangon Media ::--KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment