Pages

Friday, July 11, 2014

တရုတ်ဘက်မှ နယ်နိမိတ်မှတ်တိုင်များစိုက်ထူနေခြင်းကြောင့် မြန်မာပိုင်မြေများ တရုတ်နိုင်ငံအတွင်း ကျရောက်ဖွယ်ရှိ

RangonNewsDaily:: July . 11 .2014
မြန်မာ-တရုတ်နယ်စပ်မှ နမ့်ခမ်း မြို့ရှိ ကျေးရွာနှစ်ရွာတွင် တရုတ်နိုင်ငံနယ် နိမိတ် မှတ်တိုင်များ လာရောက်စိုက်ထူခြင်း ကြောင့် မြန်မာနိုင်ငံနယ်နိမိတ်များ တရုတ် နိုင်ငံအတွင်း ကျရောက်သွားနိုင်ဖွယ်ရှိနေ ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါ်နန်းထွေးမှုန်ကဆိုသည်။
''တရုတ်ဘက်ကလာပြီး ဒီကို မြေတိုင်း တဲ့အခါ မြန်မာပြည်နယ်နိမိတ်ထဲ လာစိုက်နေတယ်။ ဒီနေရာက မြန်မာ့မြေတွေ တရုတ် ကိုပေးရမယ့် အနေအထားဖြစ်နေပြီ''ဟု ယင်း ကပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၈ ရက်က မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နယ်တွင် ရှမ်း ပြည်နယ်ဝန်ကြီးချုပ်အား မြေတိုင်းဦးစီးဌာန မှ ပြသသောမြေပုံသည် ယခင်မြေပုံနှင့် ကွဲ ပြားမှုများရှိနေပြီး မြန်မာနိုင်ငံအစိုးရအနေ ဖြင့် ပြန်လည်စိစစ်မှု မပြုလုပ်ပါက မြန်မာ နိုင်ငံပိုင် မြေများ တရုတ်နိုင်ငံနယ်နိမိတ်အ တွင်း ရောက်သွားနိုင်သည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်နန်း ထွေးမှုန်က ဆက်ပြောသည်။


အဆိုပါ နမ့်ဆမ်မြို့နယ်ရှိ တရုတ်နိုင်ငံ နှင့်ထိစပ်နေသည့် ကျေးရွာနှစ်ရွာမှာ မြေတိုင်းဦးစီးဌာန၏ မြေပုံတွင် တရုတ်နိုင်ငံဘက် သို့ ရောက်ရှိနေသော်လည်း လက်ရှိအဆိုပါ ရွာများတွင် မြန်မာနိုင်ငံသားများ နေထိုင်နေ သည့် ကျေးရွာများဖြစ်ကြောင်း ရှမ်းပြည် နယ် နမ့်ခမ်းမြို့နယ်မှ ဒေသခံဦးအိုက်တုံ က ဆိုသည်။


နမ့်ခမ်းမြို့နယ်တွင် နေထိုင်သည့် ဒေ သခံတစ်ဦးဖြစ်သူ ဦးအိုက်တုံက ရွှေလီမြစ်တစ်ဖက်ကမ်းတွင်ပင် မြန်မာနိုင်ငံနယ်နိ မိတ်များရှိကြောင်း၊ ထိုနေရာများတွင် နေ ထိုင်သူများမှာလည်း မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ယင်းကပြောသည်။


''ရွှေလီတစ်ဖက်ကမ်းမှာလဲ အရင်က တည်းက နေလာခဲ့တဲ့ရွာတွေ အခုထိရှိနေ တာပဲ။ မြစ်ဒီဘက်ထိလာပြီး မြေလာခိုးတာ ကတော့ ကျွန်တော်တို့ဒေသခံတွေ အနေနဲ့ လက်မခံနိုင်ပါဘူး''ဟု ယင်းကပြောသည်။


လွန်ခဲ့သော နှစ် ၆ဝကပင် တရုတ် နိုင်ငံအနေဖြင့် အဆိုပါ မြန်မာ-တရုတ် နယ် စပ်ဖြစ်သည့် နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ် အနီးကျေးရွာတွင် တံတားထိုးရန်ဟုဆိုကာ နှစ်ဖက်အစိုးရများ ညှိနှိုင်းခဲ့သည်။


မြန်မာအစိုးရမှ ထိုအစီအစဉ်ကို လက်ခံခဲ့ခြင်းမရှိသည့်အတွက် နယ်နိမိတ်တိုင်း တာရေးစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ရာ ယခုထပ် မံ၍ နယ်နိမိတ်အငြင်းပွားမှု ဖြစ်နိုင်သည့် အနေအထားဖြစ်လာနိုင်ကြောင်း ရှမ်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က ပြောသည်။


''တကယ့် နိုင်ငံတကာစံနှုန်းနဲ့ တိုင်း မယ်ဆိုရင် တစ်ထွာတောင် ခိုးလို့မရဘူး။ နိုင်ငံနယ်နိမိတ်ကိုတော့ လုံးဝ အဲဒီလို လုပ် လို့မရဘူး''ဟု ယင်းကပြောသည်။


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် မိုင် ၁၂ဝဝ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး နှစ်နိုင်ငံကြားတွင် ရွှေလီမြစ် တည်ရှိနေ သော်လည်း ရွှေလီမြစ် တစ်ဖက်ကမ်းတွင် မြန်မာနိုင်ငံ နယ်နိမိတ်များ တည်ရှိနေသည် ကို လက်ရှိဖော်ပြထားသည့် နိုင်ငံတကာပြ မြေပုံများတွင် ဖော်ပြထားချက်အရ သိရ သည်။


Yangon Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment