Pages

Friday, July 11, 2014

Bangerz သီချင်းပရိုဂျူဆာ Mike Will Make-It နဲ့ တွဲနေပြီဖြစ်တဲ့ Miley Cyrus


RangonNewsDaily:: July . 11 .2014
ပရိသတ်တွေရဲ့ အာရုံကို တစ်မျိုးမဟုတ် တစ်မျိုးဖမ်းစားထားနိုင်ခဲ့တဲ့ Miley Cyrus ကတော့ သူမရဲ့ မြူးဇစ်ပရိုဂျူဆာ Mike Will Make-It နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်တွဲခဲ့တာ ခုမှမဟုတ်ပဲ သူမရဲ့ ပထမချစ်သူ Liam Hemsworth နဲ့ ပြတ်ပြီးချိန် လွန်ခဲ့တဲ့ ကိုးလလောက်ကတည်းကလို့ သိရပါတယ်။
Miley ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ Bangerz ကို Mike က ပရိုဂျူလုပ်ပေးခဲ့တာဖြစ်ပြီး အခွေထဲက သီချင်းတော်တော်များ များကိုရော၊ ပထမဆုံး single သီချင်း We Can't Stop ကိုပါ သူပဲ ဖန်တီးပေးခဲ့တာပါ။

သူတို့နှစ်ဦးရဲ့ အသိတွေအားလုံးကတော့ ဒီအတွဲဟာ Bangerz အယ်လ်ဘမ်ထွက်ပြီးချိန် အောက်တိုဘာလကတည်းက တစ်တွဲတွဲရှိနေခဲ့ကြတာလို့ ဆိုကြပြီး Miley အသိုင်းအ၀ိုင်းကရော၊ Mike အသိုင်းအ၀ိုင်းကပါ အားလုံးသိထားပြီးသားပါလို့လည်း တိတိကျကျကို ပြောသွားပါတယ်။

Mike Will Make-It လို့ လူသိများလှတဲ့ မြူးဇစ်ပရိုဂျူဆာ Micheal Williams II ဟာ ဒီဆက်ဆံရေး မှာ ထဲထဲဝင်ဝင်ကို ရှိနေခဲ့တာဖြစ်ပြီး Miley Cyrus ရဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီးတဲ့အထိ နှစ်ယောက်သား အလေးအနက်ဖြစ်နေကြတာပါ။ 

Miley Cyrus ရဲ့ နယ်လှည့်ခရီးသွားနေချိန်ဆိုရင်လည်း အားရင်အားသလို ချိန်းတွေ့ခဲ့ကြပြီး ဖုန်းလည်းအမြဲပြောနေကြတာ
ပါတဲ့။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ Mike ဟာ Miley နဲ့ လက်ထပ်ဖို့အထိတောင် ဆုံးဖြတ်ထားပုံရတယ်လို့ အတွင်းသိတွေက ဆိုလိုက်ပါတယ်။

Ref:starpulse.com , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment