Pages

Friday, July 4, 2014

မန္တလေးအဓိကရုဏ်းနှင့် ပတ်သက်၍ ဒုတိအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

RangonNewsDaily:: July . 4 .2014
မန္တလေးမြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို မန္တလေး တိုင်းပြည်သူ့ရဲတပ်ဖွဲ့ရုံးတွင် ယနေ့နံနက် ပြုလုပ်ကြောင်းသတင်းရသည်၊
ယမန်နေ့ကလည်း ပထမအကြိမ် သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့သေးသည်၊ ပြီးခဲ့သည့် အင်္ဂါနေ့ညက ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခတွင် ရဲတဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရပြီး၊ အခြေအနေမှာ ငြိမ်သက်ခဲ့သော်လည်း၊ မနေ့ညကမူ တဖန်ပြန်လည်၍ ဖြစ်ပွားခဲ့ရာ လူအသေအပျောက် ရှိသည်ဟုသိရသည်။

The Irrawaddy (Burmese Version)

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment