Pages

Friday, July 4, 2014

ရှဟီးဒ်ဖြစ်ခဲ့သူ၏ နောက်ဆုံးခရီးမြင်ကွင်း


RangonNewsDaily:: July . 4 .2014
မန္တလေးအကြမ်းဖက်ခံရမှုတွင် သတ်ဖြတ်ခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦးစိုးမင်း(ခ) မိုဟမ္မဒ်နူးရ် အသက် ၅၁ နှစ်ရဲ့ ရုပ်အလောင်းကို တောင်ဘလူဝတ်ကျောင်းတော်မှာ ဂျနာဇာဟ် ဆွလာသ်၂ ကြိမ်ဆောက်တည်ပေးခဲ့ပြီး အေးရိပ်ငြိမ်ကဘရ်စတန်မှာ ဇူလိုင်လ ၃ ရက်နေ့ နေ့လည် ၃ နာရီက မြှပ်နှံခဲ့ပါတယ်။မန္တလေးမြို့တွင် မတည်ငြိမ်မှုတွေ၊ ကောလဟလတွေပျံ့နှံ့နေတာကြောင့် မန္တလေး မြန်မာမွတ်စလင်မ် အသိုင်းအ၀ိုင်းကြားမှာ မသိသူရှားတဲ့ ကိုစိုး(ဦးစိုးမင်း)ရဲ့ နောက်ဆုံးခရီးကို မိသားစုဝင်တွေနဲ့ မိတ်ဆွေအနည်းငယ်သာ လိုက်ပါပို့ဆောင်ဖို့ ကွယ်လွန်သူရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းက မေတ္တာရပ်ခံခဲ့တာကြောင့် ရှဟီးဒ်ဖြစ်ခဲ့ရသူရဲ့ ဂျနာဇာဟ်မှာ လိုက်ပါပို့ဆောင်သူ ၃၀ ဦးဝန်းကျင်သာ ရှိတာကိုလည်း တွေ့ရပါတယ်။

ရှဟီးဒ်ဖြစ် ကွယ်လွန်ခဲ့တဲ့ ကိုစိုးမင်းဟာ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄နာရီကျော်အချိန်မှာ ၃၁လမ်း နဲ့ ၈၃ လမ်းမှာရှိတဲ့နေအိမ်ကနေ ၂၉ လမ်း ၈၃လမ်းနဲ့ ၈၄ လမ်းကြားမှာရှိတဲ့ တောင်အိုးဘို ဗလီဝတ်ကျောင်းတော်ကိုအသွား အကြမ်းဖက်အုပ်စုနဲ့ တွေ့ပြီးသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ကိုပေါက်(Myanmar Muslim Media CJ)

KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment