Pages

Friday, July 4, 2014

ဆိုရှယ် မီဒီယာ ဖေ့ဘွတ် စာမျက်နှာတွင် ရန်ကုန် နှင့် မန္တလေး ရှိ အကောင့်များမှ ပို့စ်များတင်မရ ဖြစ်နေ

RangonNewsDaily:: July . 4 .2014
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး မြို့ တွင် လွန်ခဲ့ သော ၂ ရက်မှ ပြီး ဆူပူ အကြမ်းဖက်လိုသူ များကြောင့် မတည်မငြိမ်ဖြစ်နေချိန် တွင် ယနေ့ညပိုင်း မှ စပြီး အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ည ၉ နာရီမှ နံနက် ၅ နာရီ အထိ အပြင်မထွက် ရ အမိန့်ထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါသည်။ 
၎င်းးပြင် ယနေ့ ည ၉ နာရီခန့် မှ စတင်ပြီး ရန်ကုန် နှင့် မန္တလေး ရှိ အကောင့်များမှ ဆိုရှယ် မီဒီယာ ဖေ့ဘွတ် စာမျက်နှာများတွင် ပို့စ်များတင်မရ ဖြစ်နေသဖြင့် စိုးရိမ်ပူပန်မှုများကြီးထွားနေကြောင်း သိရှိရပါသည်။

" ဒီည ၉ နာရီက စပြီး ပိုစ် တွေတင်လို့ မရတော့ဘူး ဗျ မီးစိမ်းလေးကတော့ပြနေတယ် ဒါပေမဲ့ ပိုစ့်တင်ယင် မတက်တော့ ဘူး။ ဒါကစိုးရိမ်စ ရာကောင်းတယ် ပုဒ်မ ၁၄၄ ကလဲ ထုတ်တယ် ဖေ့စ်ဘွတ် ကလဲ ပိုစ်တင်မရဘူးဆိုတော့ သတင်းအဆက်အသွယ် ဖြတ်တဲ့သဘောပေါ့ဗျာ။

အရင် အရေးအခင်တွေ တုန်းကလဲ ပုဒ်ပ ၁၄၄ ထုတ်ပြီးပြီ ဆိုတာနဲ့ အားလုံးက အပြင်မထွက်ကြတော့ဘူး မဟုတ်လား၊ အဲဒီအချိန်ကျမှ အကြမ်းဖက်တဲ့ကောင်တွေက ရောက်လာတာလေ သူတို့ ကို ကျတော့ ဘယ်သူမှ မဖမ်းဘူး။ အခုလဲ မိတ္ထီလာမှာ လူသတ်တဲ့ တောင်သာဖက်ကလူတွေ
မန္တလေးကို ခေါ်လာတယ် အိုးဘို ထောင်က သူတွေကို အကြမ်းဖက်ဖို့ လွှတ်ပေးနေတယ် ဆိုပြီး ပါးစပ်သတင်းတွေက ပြန့်နေတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြီး ဖျက်ဆီးကြမယ်ထင်တယ်။ 


သက်သေအထောက်အထားတွေ မထွက်လာအောင် ဖေ့ဘွတ်ကိုပါ BLOCK လုပ်လိုက်တယ်ထင်တယ် အရင်က ဖုံးတွေဖြတ်တယ် အခု ဖေစ်ဘွတ်ကို ဖြတ်တယ်။ 

အကြမ်းဖက်မှုတွေလုပ်တိုင်း ဒီလိုတွေချည်းဖြစ်နေတော့ အခုဒီလိုဖြစ်လာပြီဆိုယင် အကြမ်းဖက်ကြအုံးမယ်လို့ လူတွေက သိနေကြပြီလေ။ အားလုံးက အချိန်ကိုက်လုပ်တာတွေပါ။ တာဝန်ရှိတဲ့သူကို ဖမ်းလို့ ရရဲ့သားနဲ့လွတ်ပေးထားတော့ဗျာ အာဏာပိုင်တွေကိုယ်တိုင် အားပေးအားမြောက်လုပ်နေသလို
ခံစားရတယ်။ မတတ်နိုင်ဘူးလေ ကိုယ့်လုံခြုံရေး ကိုယ်ယူကြရမှာပေါ့ " မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ကိုကျော်ကျော်မှ Myanmar Muslim Media သို့ ပြောကြားခဲ့ပါသည်။

ဦးသိန်းစိန် အစိုးရလက်ထက် ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ မိတ္ထီလာတွင်ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှု များ အားလုံးသည် အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် တွင် အရှိန်ပိုမြင့်မားလားခဲ့ကြောင်းသိရှိရပါသည်။


Myanmar Muslim Media , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment