Pages

Friday, July 4, 2014

အနှစ်ချူပ်ကြည့်ရင် ဦးဇင်းဟာ လူ့ယဉ်ကျေးမှု စည်းဝိုင်း အပြင်က သူယုတ်မာ တစ်ဦးပါပဲ


RangonNewsDaily:: July . 4 .2014
ကျွန်မဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးမဟုတ်ပေမဲ့ မြန်မာပြည်မှာမွေး မြန်မာပြည် မှာကြီးပြင်းခဲ့သူ တစ်ဦးအနေနဲက
 ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ပြောဆိုဆက်ဆံ ရာမှာ ကျင့်သုံးရတဲ့ Protocol တွေကိုနားလည်ပါတယ်။ ပြောလဲပြောတတ်ပါတယ်။ ဒါပေမဲ့ ဒီဦးဇင်း(ဦးဝီရသူ) ကိုတော့ ဒီလိုRespect မျိုးနဲ့ မထိုက်တန်ဘူးလို့ ကျွန်မယူဆပါတယ်။ 

ဒီဦးဇင်းရဲ့လုပ်ရပ်တွေနဲ့ သူ့ရဲ့ Face Book စာမျက်နှာ ပေါ်ကအခြေအနေ အရပ်ရပ်တွေအရ ဒီ ဦးဇင်းဟာပြော
ဆိုဆွေးနွေး ညှိနှိုင်း လို့ရတဲ့လူမျိုး မဟုတ်ဘူး ဆိုတာ သံသယ ဖြစ်စရာ မလို ဘူး။ သူ့ Face Book Post တွေမှာ
လည်း ကြောက်စရာကောင်းလောက်အောင် အယုတ္တ အနတ္တ၊ ဖရုသ ဝါစာ တွေနဲ့ ပြည့်နေတာဟာ သာမန် လူ
တစ်ယောက်အတွက်တော့ ဥပေက္ခာ ပြု လက်ခံ နိုင် လောက်တဲ့ အခြေအနေမျိုး မဟုတ်ဘူး။

ဒါပေမဲ့ ဦးဇင်းကတော့ ဒါတွေကို အရသာ တွေ့နေပုံပဲ။ ဒီနေ့ မြန်မာပြည်ရဲ့ လူမျိုးရေး၊ ဘာသာ ရေး အဓိကရုဏ်း တွေဟာ ဦးဇင်းတစ်ယောက်တည်း ကြောင့်လို့ မပြောနိုင်ပေမဲ့ ဦးဇင်းရဲ့ ပယော ဂ ရာနှုန်း တော်တော်များများ ပါဝင်နေ

တာကတော့ဖြင့် ဂုဏ်ယူစရာပါပဲ ဦးဇင်း။ လူတွေသေ ကြ တယ် ဦးဇင်း၊ ဘာရန်ငြှိုးရန်စမှမရှိပါဘဲ တစ်ယောက်
ကိုတစ်ယောက် ဓားနဲ့ခုတ်ကြတယ်၊ လူတွေ ဟာလူသား အချင်းချင်း ဆိုတဲ့ လူစိတ်ပျောက်ပြီး ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ တိရိစ္ဆာန် စိတ်ကို ဦး ဇင်း က သူတို့ဆီမှာ ယုံကြည်သက်ဝင်စေတယ်။

သွးတွေ ဦးဇင်း လမ်းမပေါ်မှာသွေးတွေ၊ ဦးနှောက်တွေ ထွက်ပြီး လူတွေသေ ကြတယ်။ သူတို့မိန်းမတွေ ဟာ အသေဆိုးနဲ့ လမ်းမပေါ်သွေးအိုင် ထဲမှာလဲနေတဲ့၊ မီးလောင်ကျွမ်းနေတဲ့ သူတို့ ခင်ပွန်း၊ သား တွေကို ကြည့် ပြီး ပူဆွေးသောက တွေဟာ သူတို့လည်ချောင်း ထဲမှာ တစ်ဆို့နေကြတယ် ဦးဇင်း။ ကလေးတွေ မိဘမဲ့ ကုန်တယ် ဦးဇင်း။ ဒီမိဘမဲ့ ကလေးတွေရဲ့ အဖေရေ၊ အမေရေ ခေါ်တဲ့အသံတွေကိုများ ဦးဇင်း ကြားမိလေသလား။

မီးလောင်သွားတဲ့ သူတို့ရဲ့ စီးပွါး အိမ်ယာ တွေကြောင့်သူတို့ခေါင်းပေါ်က အမိုးပျောက် သွားရ တဲ့ အိမ်ယာမဲ့သူ တွေရဲ့ သောက၊ ဒုက္ခ၊ ပူလောင်မှု ဆင်းရဲတွေ၊ သူတို့ရင်ထဲက လူသား ဂုဏ်သိ က္ခာ ညှိုးနွမ်း ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တွေကို ဦးဇင်းရဲ့ မစိုးရိမ် ကျောင်းတိုက် ကြီးထဲ က စက်ရာပေါ်မှာ ကြိမ်းစက် ဖို့လဲလျောင်း တဲ့အခါမှာ ယောင်လို့များ တွေးမိလေသလား ဦးဇင်း။

ဒုက္ခသည်တွေရဲ့ မျက်ရည် ပေါက်ကြီးငယ် တွေဟာ ဦဇင်း အပေါ်မှာ အနည်းငယ်မျှ သက်ရော က် မှုတစုံတရာ တကယ်ပဲ မရှိလေရော့သလား။ လူတွေဟာ သူတို့ရဲ့ တွေးခေါ် ခွဲခြားနိင်စွမ်း အဆင့်ဆင့်အရ အဆင့်အတန်း အမျိုးမျိုး ကွဲပြားခြာနားကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ် ပိုင်း ရုပ်ပိုင်း ဆိုင်ရာ နိမ့်ကျလို့ အမြင့်ဆုံး ရာဇဝတ်မှုတွေ ကိုကျူးလွန်သူတွေတောင် သူတို့ရဲ့မ ကောင်းမှုတွေအတွက် နောင်တဆိုတာရှိတယ် ဦးဇင်း။

မုဒိမ်းသမား၊ လူသတ်သမား တွေဟာ ဒေါသအလျောက်၊ ကာမစ္ဆန္ဒ အလျောက်၊ အကြောင်းအ မျိုးမျိုး ကြောင့် ရုတ်တရက် ခြေလွန် လက်လွန် ကျူးလွန်လိုက်မိပေမဲ့ အများစုဟာ အဲဒီ အခိုက် အတန့် ပြီးသွားတဲ့ အခါမှာ ပထမဆုံးသူတို့ရင်ဆိုင်ရတာကတော့ နောင်တတရားပဲလို့ လေ့လာ သူတွေကဆိုတယ်။ တချို့သောသူတွေဟာ သူတို့ရဲ့မကောင်းမှု ဒုစရိုက် အတွက် တစိမ့်စိမ့် ထိ ခိုက် နာကျင်ရင်း သူတို့ကိုယ်သူတို့ ဒဏ်ခတ်လေ့ရှိကြတယ်လို့ဆိုတယ် ဦးဇင်း။ (ပြောသာ ပြော ရတယ် ဦးဇင်းနားလည် ပါ့မလားလည်းမသိ) လူသတ်သမားဆိုတဲ့နေရာမှာလည်း အကြံ အ စည်ရှိရှိ လုပ်ကြံ သတ်ဖြတ်သူ၊ လုပ်ကြံ သတ်ဖြတ်ရာမှာ တစိတ်တပိုင်း ပါဝင်ပတ်သက်သူ (First degree murder/ Second degree murder) စသည်ဖြင့် ခွဲခြားသက်မှတ်ကြတယ်။

အတိုချုပ် ပြောရမယ်ဆိုရင်တော့ ဦးဇင်း၊ ဦးဇင်းဟာလူသတ်ကောင်ပဲ။ လူသတ်ကောင်မှ ဦးဇင်း ကို တိုင်း စရာ Measurement တောင်မရှိတဲ့ ရာဇဝတ်ကောင်ပဲ။ ဒုက္ခသည်စခန်း တွေမှာ က လေးတွေဟာ ငတ်မွတ်ခေါင်းပါးလို့ သေကြရတယ်။ ဆေးဝါးကုသခွင့်မရလို့ သေကြရတယ်။ဒီ လို သွေးပျက်စရာ အဖြစ်အပျက် တွေ ကြားမှာကိုပဲ ဦးဇင်းဟာ လူသားစိတ်ကင်းမဲ့စွာနဲ့ အသစ် အသစ်သော အဓိကရုဏ်း တွေကို သွေးထိုး လှုံ့ဆော်နေခဲ့တယ်။

ဘာ ဘာသာရေးတန်ဘိုး တစုံတရာ မှမပါတဲ့( ဦးဇင်းကတရားဒေသနာလို့ခေါ်တဲ့) Hate Speech တွေနဲ့ လူ့အန္တ တွေကို ဟောပြော လှုံ့ဆော်ပြီး လူတွေကိုလူသား အချင်းချင်း ထားရမဲ့ မေတ္တာ၊ ကိုယ်ချင်းစာတရားတွေ ပျောက်ပျ

က်ပြီး တိရိစ္ဆာန်တွေလို ရိုင်းစိုင်းလာအောင် သွေးထိုး တယ်။ ဦဇင်း Target ထားနေတဲ့ လူနည်းစုတွေရဲ့ ဘဝတွေဟာလည်း မျက်ရည်ပေါက် ကြီးငယ် စွန်းထင်းလို့၊ သူတို့ နှလုံးသားတွေဟာလည်း သွေးပျက် ခြောက်ခြားလို့။ ဝမ်းမြောက် ဝမ်းသာ ဖြစ်ပါရဲ့လား ဦးဇင်း၊ မှေးစက်လို့မှ ပျော်ပါရဲ့လား သိချင်မိပါတယ် ဦးဇင်း။

သာမန်လူသားစိတ်၊ ပင်ကို လူသားသဘော သဘာဝ ရှိသူတွေအတွက်တော့ ဒါတွေဟာ Beyond the limit ပါ။ ဦးဇင်းအတွက်ကတော့ ဒီလို အဓိကရုဏ်း တွေ၊သွေးပျက်ခြောက်ခြား စရာသေကြေ ပျက်စီးမှုတွေ၊ စီးပွါး ဥစ္စာ၊ ဘဝ ပျက်ကြရသူတွေ၊ အပြန်အလှန် စွပ်စွဲပြောဆိုမှု တွေ၊ အယုတ္တ အနတ္တ ဆဲရေး တိုင်းထွာမှုတွေ၊ခိုးဆိုးလုယက်မှုတွေ၊ အမုန်းတရားတွေ၊ မီးဟုန်း ဟုန်းတောက်လောင်နေတဲ့ အိမ်တွေ၊ဝတ်ပြုကျောင်းဆောင်တွေ၊ မိဘမဲ့ကလေးတွေရဲ့ ငိုသံ တွေ...........ဦးဇင်း...ဦးဇင်းရဲ့ မစိုးရိမ်ကျောင်းတိုက်တော်ကြီးထဲမှာ ဘယ်လိုလူသားစိတ် အခံနဲ့များ မှေးစက်ပျော်နိုင်

တာပါလဲ။

ပြောရမယ်ဆိုရင်တော့ ဦးဇင်းဟာ လူသားစိတ်ကင်းမဲ့သူပဲ၊ ဦးဇင်းဟာ လူယုတ်မာပဲ၊လူသားဖြစ် တည်မှုနည်းသူ၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့စည်းမှာမရှိသင့်တော့တဲ့သူမျိုး ပဲ။ ဦးဇင်းတို့လို လူမျိုးတွေ ဟာ လူ့အဖွဲ့စည်းတွေနဲ့ ဝေးရာ

(တကျွန်း လိုနေရာမျိုး)၊ ခြံခတ် စည်းခတ် ထားသင့်တဲ့ (စိတ် ရောဂါသည် တွေလိုမျိုး)၊ သံတိုင်တွေ နောက်မှာ၊ အလုံ
ပိတ် အခန်းတွေထဲမှာ ရှိသင့်တဲ့ စည်းမဲ့ ကမ်းမဲ့၊ စည်းမရှိ ဘောင်မရှိ၊ စည်းလွတ်ဝါးလွတ် ကျူးလွန် တတ်ကြတဲ့ စည်းအပြင်ဘက် ကလူ တွေပဲ။

ခရစ္စတယ်လင်း ရေးသားသည်။

MyanmarMuslimMedia ,KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment