Pages

Friday, July 4, 2014

မန္တလေးတွင် ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်


RangonNewsDaily:: July . 4 .2014
၂၇လမ်း၊ ၃၅လမ်းတဝိုက်ရှိ ဗလီများကို ယနေ့ည မီးတင်ရှို့မည်ဆိုသည့် သတင်းများပြန့်နေချိန် ပုသိမ်ကြီးမြို့နယ် မပါ ကျန်မြို့နယ် ၆ခုဖြစ်သည့် အမရပူရ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ အောင်မြေသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်တို့တွင် ည ၉နာရီမှ မနက် ၅နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို အာဏာပိုင်များ ထုတ်ပြန်လိုက်သည်။
မိတ္ထီလာရှိ တပ်မ ၉၉ အား မန္တလေးမြို့သို့ စေလွှတ်နေကြောင်း Yangon Time က ဖော်ပြခဲ့သည်။ မန္တလေး ဆန်းကဖေးတွင် ဇူလိုင် ၁ရက်နေ့ညမှစတင်ကာ ဘာသာရေး၊ လူမျိုးရေးအခြေခံသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ဒုတိယမြောက်နေ့တွင် လူ ၂ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ကာ တတိယမြောက်နေ့တွင် တစ်မြို့လုံး ကောလဟာလများ ပြန့်နှံ့နေပြီး အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ပြုကျောင်းများရှိသည့် ၂၇ လမ်း (၈၁မှ ၈၃လမ်းကြားထိ)နှင့် ၂၈ လမ်း (၈၁မှ ၈၃ လမ်းအထိ) လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားသည်။

Kamayut Media ,,
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment