Pages

Sunday, May 11, 2014

အာရှဖလား ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီး အသင်း ဗီယက်နမ် နိုင်ငံသို့ မေ ၁၂ ရက်တွင် ထွက်ခွာမည်


RangonNewsDaily: May . 11 .2014
မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂ဝ၁၄ အာရှ အမျိုးသမီး ဖလား ( 2014 AFC Women's Asian Cup) ပြိုင်
ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် မေ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြိုသို့ ထွက်ခွာ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။
အဆိုပါ အာရှ အမျိုးသမီးဖလား ( 2014 AFC Women's Asian Cup) ပြိုင်ပွဲကို မေ ၂၆ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ခ)တွင် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်းအသင်း တို့နှင့်အတူ အုပ်စု တစ်စုတည်း ကျရောက် လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်း၌ကစားသမား၂၃ဦး၊ နည်းပြနှင့် အုပ်ချုပ်သူ ရှစ်ဦး ပါဝင်ပြီး တရုတ်နိုင်

ငံတွင် သွားရောက် လေ့ကျင့်ခဲ့သည့် ပဏာမ ကစားသမား စာရင်းမှ သုံးဦးကို လျှော့ချခဲ့ကြောင်းလည်း သိရသည်။

မြန်မာအမျိုးသမီး လက်ရွေးစင် အသင်း၏ အပြီးသတ် လူစာရင်းကို နည်းပြချုပ် ကုမာဒါ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်း

အတွင်းက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် ရက်ကို ဆက်လက် ထုတ်ပြန်
ခဲ့ခြင်းဖြစ်သည်။

ယခု သွားရောက် ယှဉ်ပြိုင်မည့် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၇၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သော်

လည်း မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည်၂ဝဝ၃ ခုနှစ်၊ ၂ဝဝ၆ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ် များတွင်သာ ဝင်ရောက်
ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှကျော်လွန်နိုင်ခဲ့ခြင်း မရှိကြောင်းကိုလည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်ထားသည်။

ယခုနှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အသင်းသည် အောင်မြင်မှုများ ရရှိနိုင်ရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ခြေစ
မ်း
မှုများ ပြုလုပ်ထားပြီး ယင်းခြေစမ်း ခရီးစဉ်တွင် မြန်မာအသင်းမှာ ကွမ်ကျိုးပြည်နယ် လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစား ခဲ့ရာတွင် နိုင်ပွဲများ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၂ လန်ဒန်အိုလံပစ် ပြိုင်ပွဲတွင် တားမြစ်ဆေး သုံးစွဲမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံ ထားရသည့် မြောက်ကိုရီးယား အမျိုးသမီးအသင်းသည် ယခုနှစ်ပြိုင်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိသဖြင့် 2015 FIFA အမျိုးသမီး ကမ္ဘာ့ဖလား (ကနေဒါ) ဝင်ခွင့် တစ်နေရာ အတွက် အိမ်ရှင် ဗီယက်နမ်၊ ဂျော်ဒန်၊ ထိုင်းနှင့် မြန်မာတို့ ယှဉ်ပြိုင်ရဖွယ် ရှိနေ ကြောင်း သိရသည်။


မြန်မာ အသင်းသည် အုပ်စု(ခ)တွင် ပါဝင်နေပြီး တောင်ကိုရီးယား၊ တရုတ်၊ ထိုင်းအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အိမ်ရှင် ဗီယက်နမ် အသင်းမှာမူ ကမ္ဘာ့ဖလား ချန်ပီယံ ဂျပန်အသင်း၊ ဂျော်ဒန်နှင့် သြစတြေးလျတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment