Pages

Sunday, May 11, 2014

အမေများနေ့ ……… (Happy Mothers’ Day)


RangonNewsDaily: May . 11 .2014
နှစ်စဉ်ကမ္ဘာတစ်ဝှမ်းတွင်မေလဒုတိယပတ်တနင်္ဂနွေနေ့ အားအမေများနေ့ အဖြစ်ဂုဏ်ပြုသတ်
မှတ်ကြသည်။
အမေရိကန်ပြည်ထောင်စုတွင်စတင်ခဲ့သောထိုအမေများနေ့ သည်ခရစ်ယာန်ဘာသာဝင်များကြား
တွင်ထွန်း
ကားခဲ့ပြီးမြန်မာပြည်တွင်ထိုနေ့ အားအမေများနေ့ အဖြစ်လက်ခံခဲ့သည်မှာ ၃ နှစ်မျှသာရှိသေးသည်။

အဖေသည်သားသမီးများအတွက်နေမင်းကဲ့သို့ ဦးဆောင်အလင်းပေးသလိုအမေသည်သားသမီးများ
အတွက်
ဥာဏ်အလင်းရောင်ပေးသောလမင်းကြီးပင်ဖြစ်သည်။
::
အဖေ့ဆီမှသားသမီးတို့ သည်ရဲဝံ့မှန်ကန်သောဆုံးဖြတ်ချက်၊သတ္တိများကိုရရှိပြီးမိခင်ဆီမှဥာဏ်
ပညာ၊စဉ်းစား
ဆင်ခြင်ဥာဏ်၊ကျင့်ဝတ်စည်းကမ်းလိုက်နာခြင်း၊လူမှုရေးအသိများရရှိကြခြင်းပင်ဖြစ်သည်။ထို့ ကြောင့်
မိဘနှစ်ပါးသည်သားသမီးတို့ ဘ၀အတွက်မရှိမဖြစ်အရေးသူများဖြစ်သည်။

ဖခင်မှာမိသားစုအတွက်စားဝတ်နေရေးအတွက်ပြင်ပတွင်ရုန်းကန်လှုပ်ရှားရချိန်များသဖြင့်မိခင်
မှာသား
သမီးတို့ နှင့်ထိတွေ့ ရချိန်ပိုများပါသည်။
::
ထို့ ပြင်သားသမီးတစ်ယောက်အမူအကျင့်စရိုက်ကိုအကဲခတ်ခြင်းအားဖြင့်ထိုသူ့မိဘသွန်သင်မှုကိုသိနိုင်
ပါသည်။“အဖယုတ်ကိုယ်ကြမ်း၊အမိယုတ်နှုတ်ကြမ်း” ဆိုသောစကားအတိုင်းပင်။

အချို့ သောသူတိုမှာဖတဆိုးဘ၀ဖြင့်ဘ၀ကိုဖြတ်သန်းလာကြရာမိခင်မှပင်မိခင်တာဝန်ကော..ဖခင်
တာဝန်
ကောနှစ်မျိုးစလုံးဖြင့်သားသမီးတို့ အားလူလားမြောက်စေခဲ့သောကျေးဇူးမှာကြီးမားလှပါသည်။
ပထွေးကို
အဖေမခေါ်ရန်၊မိမိသားသမီးများအားပထွေးမနှိပ်စက်ရန်ဘ၀ကိုတစ်ဦးတည်းရုန်းကန်လာခဲ့ကြသော
မိခင်
အမျိုးသမီးများမှာချီးကျူးထိုက်သူများဖြစ်ပေသည်။
::
့အပေါ်တွင်ထားရှိသောမိခင်တို့ မေတ္တာကြီးမားလှပုံကိုလူမိခင်များသာမကတိရစ္ဆာန်မိခင်များ
တွင်လည်း
တွေ့ နိုင်ပေသည်။ခွေးပေါက်စလေးများအတွက်ကာကွယ်ပေးသောမိခင်၊ကြက်ပေါက်လေးများအတွ
က်ရင်
အုပ်မကွာစောင့်ရှောက်ကာကွယ်ပေးသောကြက်မကြီးများမှမြင်သာသိသာသောမိခင်မေတ္တာများပင်ဖြစ်
သည်။

မိခင်သက်ရှိထင်ရှားရှိနေချိန်တွင်မိခင်အားစိတ်ချမ်းသာအောင်ထားနိုင်လျှင်လည်းကျေးဇူးဆပ်
နည်းတစ်မျိုး
ပင်ဖြစ်သည်။မိခင်တို့ နှလုံးသားသည်ကျွန်တော်တို့ သားသမီးများအတွက်အမြဲအသင့်ရှိနေသည်ဆိုသည်မှာ
ယုံမှားဖွယ်မရှိပေ။
::
မိခင်တို့ သည်လူ့ ဓလေ့စရိုက်အရသာတစ်ဦးနှင့်တစ်ဦးကွာခြားမည်ဖြစ်သော်လည်းသားသမီး
များအပေါ်
တွင်ထားသောမေတ္တာတို့ မှာအတူတူပင်ဖြစ်သည်။မိခင်ကျေးဇူးအားတတ်စွမ်းသလောက်ဆပ်ကြရပေမည်။

လောကတွင်အစားထိုးမရသည်မှာမိ(အမေ) နှင့် ဘ(အဖေ) ပင်ဖြစ်လေရာ…နောင်တရစရာ
မရှိရလေအောင်မိမိတို့ သည်မိခင်များနေ့ (Mothers’ Day) မှစတင်ကာမိမိတို့ စွမ်းနိုင်သလောက်ကျေး
ဇူးဆပ်ကြပါစို့ 
::
……..အဆိုတော်ထူးအိမ်သင်နာမည်ကြီးအမေ့အိမ်သီချင်းမှာခံစားချက်အပြည့်ဖြင့်မိခင်အကြောင်း
ကိုဖော်ကျူးထားသလို အို…မေမေ…သီချင်းမှာလည်းမိခင်စိတ်ကိုတစ်စေ့ တစ်စောင်းဖော်ပြထားပါသည်။

ယခု Mothers’ Dayသည်မိခင်များအားဂုဏ်ပြုရမည့်နေဖြစ်သလိုယခုအချိန်အခါသမယသည်ကျွန်ုပ်
တို့ ကြောင့်
ပင်ပန်းခဲ့ရသော၊ခက်ခဲခဲ့ရသော၊ကြမ်းတမ်းခဲ့ရသော…အမေ့လက်များ၊အရွယ်အို
မင်းသွားသော်
ည်းကျွန်ုပ်တို့ အတွက်ပီတိပြုံးတို့ ဖြင့်ဝေနေသောမိခင်နှင့်အတူမိခင်ကျေးဇူးကိုသိနားလည်စွာဖြင့်မိခင်နှင့်
အတူ မိခင်များနေ့ Mothers’ Day ကိုအကောင်းဆုံးဖြတ်သန်းကြပါစို့ ……

သံလွင် ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment