Pages

Sunday, May 11, 2014

တောင်သူများ သဘောတူညီချက် မရရှိဘဲ မြေအောက်ကေဘယ်ကြိုး သွယ်တန်းပါက အရေးယူမည်ဟုဆို


RangonNewsDaily: May . 11 .2014
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် မြေအောက် ကေဘယ်ကြိုးများ တပ်ဆင်ရန် ကန်ထရိုက် ရယူထားသော ကုမ္ပဏီ
များအနေနှင့် လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများအောက်မှ ကေဘယ်ကြိုးများ ဖြတ်သန်းခြင်း ကိစ္စကို ဒေသခံ တောင်သူ
များ သဘောတူညီချက် မရရှိဘဲ ဖြတ်သန်း ပြုလုပ်ပါက ယင်းကုမ္ပဏီများကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေး
တိုင်းဒေသကြီး ဆက်သွယ်ရေး မန်နေဂျာရုံးမှ စီမံကိန်းမန်နေဂျာ ဦးဌေးလှက ပြောကြားသည်။
“တောင်သူတွေကလည်း မိမိလယ်ယာမြေတွေ ထဲကဖြတ်ရင်၊ မကျေနပ်ရင် ရပ်ခိုင်းတာ၊ ဆက်လုပ်တယ်ဆိုရင် သက်
ဆိုင်ရာကို တင်ပြပြီး အဲဒီကုမ္ပဏီကို အရေးယူမယ်” ဟု ၎င်းကဆိုသည်။

မည်ကဲ့သို့ အရေးယူ သွားမည်ကိုမူ မသိရပေ။ ပုသိမ်ကြီးမြို့နယ် ငွေတောင်အုပ်စု ကုလားကြီးခြံ ကျေးရွာနှင့် အနီးဝန်း

ကျင် ကျေးရွာများတွင် ဧပြီ ၈ ရက်နေ့မှ စတင်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငွေဆောင်-မူဆယ် မြေအောက် ကေ
ဘယ်ကြိုး တပ်ဆင်ရန် လုပ်ပိုင်ခွင့် ရထားသည့် MFCOM ကုမ္ပဏီက မြေအောက် ကေဘယ်ကြိုးများ တပ်ဆင်ရန် တောင်
သူများ ပိုင်ဆိုင်သောလယ်ယာမြေ ဥယျာဉ်ခြံမြေများအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် အာဏာပိုင် အဖွဲ့အစည်း
များ မပါဝင်ဘဲ၊ မြေပိုင်ရှင်များကို အကြောင်းတစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ အချင်းတစ်ပေအနက် လေးပေကျော် မြောင်းများကို တူးဖော်ခဲ့ကြောင်း၊ 

ထိုသို့တူးဖော်ခြင်းကို မတူးရန် ခြံပိုင်ရှင်များက ကန့်ကွက်သော်လည်း တစ်စုံတစ်ရာ ညှိနိုင်းခြင်းမရှိဘဲ ဆက်လက် လုပ်
ကိုင်နေကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောဆိုကြသည်။

“ဒီကုမ္ပဏီ မတိုင်မီက DIGICOM ကုမ္ပဏီဆိုတာ လာလုပ်ဖူးတယ်။ အဲဒီတုန်းက ဒေသခံတွေကို ပျက်စီးသွားတဲ့ သီးနှံတွေ

စား ပြန်ပေးတယ်။ ဒေသခံတွေလည်း ကျေနပ်တယ်။ ဒီ MFCOM ကုမ္ပဏီကျတော့ ကျွန်တော့်ကိုတော့ လာတွေ့တယ်။ အထက်မှာ အားလုံးညှိနှိုင်းပြီးပြီလို့ ပြောတယ်။ တောင်သူတွေကို ဘာမှလည်းမပေးဘူး။ ကျွန်တော့်လယ်ထဲက ဖြတ်
သွားတာတောင် ခုနစ်ဧကလောက် ရှိတယ်။ ဘာမှလည်း မညှိနှိုင်းဘူး။ ဘာမှလည်းလုပ် မပေးဘူး။ အခုတောင်သူ ၂၀ ကျော်လောက် ခြံတွေထဲက ဖြတ်သွားတယ်” ဟု ကုလားကြီးခြံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံထွန်းက ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီးThe Voice က DIGICOM ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီအနေနှင့် အုန်းချော

ကျေးရွာမှ သမ္မတော ကျေးရွာအအထိ မြေအောက် ကေဘယ်ကြိုး မြှုပ်နှံတင်ဆင်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေခြင်း ဖြစ်ပြီး အုန်းချော၊ ငွေတောင်၊ ကျောက်မီး၊ လက်ကောင်း၊ သမ္မတော ကျေးရွာတို့မှ နစ်နာသူရှစ်ဦးကို အလျော်ပေးထား
ကြောင်း၊ သစ်ပင်မထိခိုက်သည့် တောင်သူများကို လျော်ကြေး မပေးကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်ပါ ကတိကဝတ်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ညှိနှိုင်းရေးမှူး ဦးကျော်နိုင်က ပြန်လည် ဖြေကြားသည်။

ငွေဆောင်-မူဆယ် မြေအောက် ကေဘယ်ကြိုး တပ်ဆင်ခြင်းလုပ်ငန်းကို DIGICOM နှင့် MFCOM ကုမ္ပဏီတို့က မြန်မာ

ဆက်သွယ်ရေး လုပ်ငန်းမှ ကန်ထရိုက်ရယူကာ တရုတ်ပညာရှင်များနှင့် ဆောင်ရွက်လျက်ရှိပြီး မေလတွင် လုပ်ငန်း
အပ်နှံရမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ ထပ်မံသိရှိရသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment