Pages

Sunday, May 11, 2014

KNU မှ ကရင်ပြည်နယ်တွင်း အိမ်ခြေ ၈၀၀ နီးပါးအား ဆိုလာမီး တပ်ဆင်ပေးမည်

RangonNewsDaily: May . 11 .2014
ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ကရင်ပြည်နယ်အတွင်းရှိ အိမ်ခြေ ၈၀၀နီးပါးကို ဆိုလာမီး တပ်ဆင်ပေးသွားမည်
ဟု တပ်မဟာ (၇) စီးပွားရေးတာဝန်ခံ စောမိုးစက်က ပြောသည်။အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ချပေးထား
သည့်ငွေကို အသုံးပြုကာ တစ်အိမ်လျှင် ၂ သိန်းနှုန်းဖြင့် သိန်း ၁၅၆၀ကို အသုံးပြုသွားမည်ဖြစ်ပြီး မေလအကုန်တွင် အပြီး
သတ်တပ်ဆင်ပေးသွားမည်ဖြစ်သည်။
“တန်ဖိုးနည်းအိမ်ယာလုပ်ထားပြီးမီးမရသေးတဲ့အတွက်ကျွန်တော်တို့ကဦးစီးပြီးတပ်ဆင်ပေးတာဖြစ်ပါတယ်။တပ်ဆင်ပေး
မှာကတော့ တစ်အိမ်ချင်းစနစ်ဖြစ်ပါတယ်။

ကရင်အိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ဝေးပါတယ်။ဒါကြောင့်တအိမ်ချင်းစနစ်နဲ့ ဆင်ပါမယ်။”ဟုပြောသည်။ကရင်ပြည်

နယ် လှိုင်းဘွဲ့၊ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီမြို့နယ်များတွင် ဆိုလာမီးတပ်ဆင်ပေးသွားမည်ဖြစ်သည်။

KNU နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်

က်မှတ် ရေးထိုးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ်ရပ်ဆဲပြီးနောက်တွင် ရပ်တည်နိုင်ရန်
တရားဝင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်ဟု အစိုးရကလည်းပြောကြားထားဖူးသည်။

Mizzima , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment