Pages

Sunday, May 11, 2014

၂၄ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအပြီးမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်


RangonNewsDaily: May . 11 .2014
၂၄ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအပြီးမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ သတင်းစာရှင်းလင်းပွဲ ပြု
လုပ်ခဲ့ပြီး ထိပ်သီးအစည်းအဝေးများမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး တွေ အကြောင်းကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ အာဆီယံ ဥက္ကဌ အနေနဲ့ သြစတေးလျနိုင်ငံ ဘရစ်ဇဘိန်းမြို့မှာကျင်းပတဲ့ G-20 ထိပ်သီးအစည်း
အဝေးကိုလည်း တတ်ရောက်ဖို့ရှိတာကြောင့် အစည်းအဝေးနဲ့ ပတ်သတ်ပြီးပြင်ဆင်ဆောင်ရွက်နေတာတွေကို အာဆီ
ယံခေါင်းဆောင် တွေကိုရှင်း လင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အလေးပေးဆောင်ရွက်ရမယ့်ကိစ္စတွေကတော့ ၂၀၁၅အလွန် အာဆီယံ အသိုက်အ၀န်း မျှော်
မှန်း
ချက်များ ကိုစုစည်းအကောင်အထည်ဖော်သွားဖို့၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းများကို ၂၁ ရာစု အာဆီယံ စီးပွား
ရေးတိုးတတ်မှုရဲ့ ပင်မသွေးကြော ဖြစ်လာတဲ့ အထိ အားပေးလုပ်ဆောင်သွားဖို့၊ အဖွဲ့ ၀င်နိုင်ငံများကြား ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရေး ဆောင်ရွက်ဖို့၊ ပဋိပက္ခနဲ့ ဘေးအန္တရာယ် များကိုခံနိုင်ရည် ရှိစွာဖြေရှင်း ရင်ဆိုင်နိုင်ဖို့၊ ဆွေးနွေးဘက် နိုင်ငံများနဲ့ ဟန်ချက်ညီ တဲ့ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက် ဖို့၊လက်တွေ့ ရရှိနိုင်မယ့် ရလာဒ်များကို မျှော်မှန်းထားဖို့ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်ကပြောပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့ သတင်းစာရှင်းလင်းပွဲဟာ ၇မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မေးခွန်းမေးမြန်းခွင့်မပြုခဲ့ပါဘူး။

Kumudra , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment