Pages

Monday, April 28, 2014

Titanic သင်္ဘော မှ စာတစ်စောင် ကို အမေရိကန် ဒေါ်လာ ၂ဝဝဝဝဝ ဖြင့် လေလံ တင် ရောင်းချ


RangonNewsDaily: April . 28 .2014
၁၉၁၂ ခုနှစ် ဧပြီ ၁၄ ရက်က နစ်မြုပ် ခဲ့သော Titanic သင်္ဘောကြီး မနစ်မြုပ် မီ အချိန် ၌ ရေးသား ခဲ့သော ခရီး သည် တစ်ဦး၏ နောက်ဆုံး စာ တစ်စောင်ကို လေလံပွဲ တစ်ခု တွင် ဧပြီ ၂၆ ရက် က အမေရိကန် ဒေါ်လာ ၂ဝ၀ဝဝဝ ဖြင့် ရောင်းချ ကြောင်း သိရ သည်။
အဆိုပါ စာကို အသက်ရှင် ကျန်ရစ် သူများ အနက်မှ တစ်ဦး ဖြစ်သူ အက်စတာဟာ့တ် အမည် ရှိ အမျိုးသမီး နှင့် ၎င်း၏ သမီး ဖြစ်သူ ခုနစ်နှစ် အရွယ် ရှိ အီဗာ က ရေးသား ခဲ့ကြောင်း သိရ သည်။

ယခု ရောင်းချ ခဲ့သော စာ၏ ဈေးနှုန်း သည် Titanic သင်္ဘော မှ စာတစ်စောင် အတွက် စံချိန် တစ်ရပ် ဖြစ်လိမ့် မည်ဟု ယူဆ ကြောင်း Henry Aldridge and Son လေလံ ကုမ္ပဏီ က ပြောကြား ခဲ့သည်။ ၎င်းစာ တွင် အက်စတာ က အအေး ဒဏ်များ နှင့် ပင်လယ် လှိုင်း မူးခြင်း များ ခံစား ခဲ့ပုံများ ကို ရေးသား ဖော်ပြ ထားကြောင်း သိရ သည်။ 

အဆိုပါ Titanic သင်္ဘောကြီး သည် ဆောက်သမ်တန် မြို့မှ နယူးယောက် မြို့သို့ မောင်းနှင် နေစဉ် ၁၉၁၂ ခုနှစ် ဧပြီ ၁၄ ရက် ညပိုင်း က နစ်မြုပ် ခဲ့ကြောင်း သိရ သည်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment