Pages

Monday, April 28, 2014

ရွှေဈေး တက်ရိပ်ပြလာသောကြောင့် အရောင်းအ၀ယ်အေး

ရွှေအရောင်းဆိုင်တွင် ခင်းကျင်းထားသော ရွှေထည်ပစ္စည်းများ (ဓာတ်ပုံ− ကျော်ဇင်သန်း)
RangonNewsDaily: April . 28 .2014
ပြည်တွင်းရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေးတက်ရိပ်ပြသ ဖြင့် ယခုရက်ပိုင်းတွင် အရောင်းအ၀ယ်များ ပြန်လည်နည်းသွားကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းများသည် တစ်အောင်စလျှင် ၁,၂၈၀ ဒေါ် လာ ၀န်းကျင်တွင် ရှိနေရာမှ ၁,၃၀၀ ဒေါ်လာကျော်ထိ မြင့် တက်လာခဲ့သည်။ ထို့ကြောင့် ပြည်တွင်း ရွှေဈေးနှုန်းများမှာ လည်း အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၆၆၀,၀၀၀ အောက်ထိ ရောက်ရှိသွားရာမှ ၆၆၆,၀၀၀ ကျပ်သို့ ဈေးနှုန်းပြန်လည်တက် လာသည်။

‘‘သင်္ကြန်ပြီး ပိတ်ရက်ရှည် တုန်းကတည်းက လုပ်ငန်းတွေ ပြန်စတဲ့အချိန်ဆိုတော့ ရွှေဈေး ကွက်မှာက ပြန်သွင်းအားတွေ အ တော်လေး ကောင်းနေခဲ့တာ။ အ ခုကျတော့ ဈေးတက်ရိပ်ပြလာ တော့ ပြန်သွင်းတဲ့ဘက်မှာရော၊ ၀ယ်တဲ့ဘက်မှာရော ၀ယ်လိုအား တွေ ကျသွားတယ်’’ ဟု ရွှေဆိုင် လုပ်ငန်းရှင်များက ပြောသည်။

နှစ်သစ်ကူး ရုံးပိတ်ရက်အ လွန်တွင် ပြည်တွင်းဈေးကွက်၌ ၀ယ်လိုအား ကောင်းနေခဲ့သော ကြောင့် ကမ္ဘာ့ဈေးများ ဆက် တိုက်ကျနေသည့်တိုင် ပြည်တွင်း ရွှေဈေး မာနေသဖြင့် နယ်စပ် ဈေးထက်ပင် ဈေးပိုကောင်းနေခဲ့ ၍ နယ်စပ်မှ ရွှေဝင်ရောက်မှုများ ခဲ့သည်။

၂၀၁၃ နှစ်ကုန်ပိုင်းကတည်း က ဆက်တိုက်ဈေးနိမ့်နေခဲ့သော ပြည်တွင်း ရွှေဈေးများသည် သင်္ကြန်ပြီး နောက်ပိုင်းမှသာ ဈေး အမြင့်ပိုင်းသို့ ရောက်ရှိလာနိုင် ကြောင်း ဈေးကွက်ကျွမ်းကျင်သူ လုပ်ငန်းရှင်များက ခန့်မှန်းခဲ့ကြ သည်။
သို့သော် လက်ရှိကာလထိ ရောက်ရှိနေသော ရွှေဈေးနှုန်းများမှာ မျှော်မှန်းထားသော ဈေးနှုန်းများထက်ပင် နိမ့်နေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

ယခုနှစ်တွင် ပြည်တွင်းရွှေ ဈေးနှုန်းများ ကျပ်ရှစ်သိန်းခန့်ထိ ရောက်ရှိဖွယ်ရှိကြောင်း ဈေး ကွက်ကျွမ်းကျင်သူအချို့က ခန့် မှန်းခဲ့ကြသော်လည်း ယခုနှစ် ဧပြီ လအထိ ကျပ်ခုနစ်သိန်းနီးပါးထိ ပင် မြင့်တက်ခြင်း မရှိသေးဘဲ ဈေးအနိမ့်ပိုင်းတွင်သာ ဆက်လက်ဖြစ်ပေါ်နေသည်။

7daydaily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment