Pages

Monday, April 28, 2014

လှိုင်မြို့နယ်၌ အုတ်နံရံအနီးတွင်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှ ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ပိမိသဖြင့် သံဃာ(၁)ပါး ပျံလွန်တ်ာမူ၊ (၁)ပါးဒဏ်ရာရ


RangonNewsDaily: April . 28 .2014
၂၈.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း၊ ဇေယျမင်္ဂလကျောင်းတိုက်ဝင်းနှင့်
ကပ်လျက်ရှိ စက်မှုဝန်ကြီးဌာနပိုင် လွယ်ဟိန်းကုမ္ပဏီမှငှားရမ်းထားသော ဘီစကွတ်စက်ရုံခွဲ(၂)၀င်းအတွင်းမှ နှစ်ပေါင်း(၆၀)ခန့်
သက်တမ်းရှိ အဆောက်အဦအုတ်နံရံအနီး၌ကပ်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှအစပြုပြီး အုတ်နံရံ အလျား(၁၂၀)ပေ၊ အမြင့်
(၂၅)ပေခန့်မှာပြိုကျခဲ့ပါသည်။
ထိုသို့အုတ်နံရံပြိုကျခဲ့သဖြင့် ဇေယျမင်္ဂလကျောင်းတိုက်ဝင်းအတွင်းရှိသံဃာများသီတင်းသုံးနေထိုင်သော အလျား(၉၀)ပေ၊ အနံ(၃၀)၊ အမြင့်(၁၅)ပေခန့်ရှိ သွပ်မိုး၊ အုတ်ကာ (၁)ထပ်အဆောင်ပေါ်သို့ပိမိခဲ့ရာကျောင်းဆောင်အတွင်း၌ ကျိန်းစက်နေသော ရှင်စန္ဒောဘာ
သ သက်တော်(၅၀)နှစ်၊ ၀ါတော်(၇)၀ါမှာ အုတ်နံရံပိ၍ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး အရှင်ခေမာသီရိ သက်တော်
(၄၀)နှစ်၊ ၀ါတော်(၇)၀ါတွင် တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပါသည်။

ယင်းကဲ့သို့ အုတ်နံရံပြိုကျခဲ့ရာမှ အရှင်စန္ဒောဘာသ ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ လှိုင်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Myawady News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment