Pages

Monday, April 28, 2014

လူငယ်အဆိုရှင်တွေကို ပွဲထုတ်ပြီး ပရိသတ်ကို ရသအသစ်ပေးမယ့် စည်သူလွင်


RangonNewsDaily: April . 28 .2014
ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် တစ်ကိုယ်တော် ဖျော် ဖြေပွဲတွင် စုံတွဲအဆိုရှင်များအ ဖြစ် လူငယ်အဆိုရှင်များကို ရွေး ချယ်ထားခြင်းမှာ ၎င်း၏ သီချင်း များကို လူငယ်အဆိုရှင်များ၏ အသံဖြင့် သီဆိုကာ ပရိသတ်များ အတွက် ခံစားမှုအသစ်များပေး နိုင်ရန်ရည်ရွယ်ကြောင်း အဆို တော်စည်သူလွင်က ပြောသည်။
‘‘ကျွန်တော်အရင်တုန်းက ဆိုခဲ့တဲ့ စုံတွဲသီချင်းတွေကို အရင် ကဆိုခဲ့တဲ့ အဆိုရှင်အဟောင်း တွေနဲ့မဆိုဘဲ အသစ်တွေနဲ့ဆိုဖို့ ရွေးချယ်ဖြစ်တာက ပရိသတ်တွေ အနေနဲ့ ဒီသီချင်းတွေကို နား ထောင်ရတာ နောက်ထပ်အရ သာတစ်မျိုးနဲ့ ခံစားစေချင်လို့ပါ’’ ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲကို မေလ ၁၀ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ပြီး စုံတွဲအဆို ရှင်များအဖြစ် အဲလက်စ်၊ တင်ဇာ မော်တို့နှင့်အတူ လူငယ်အဆိုရှင် များဖြစ်သည့် နေနေ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့် တို့လည်း သီဆိုကြမည်ဖြစ်သည်။
‘‘သီချင်းတွေအနေနဲ့က ဟိုး အရင်ကတည်းက ပရိသတ်အား ပေးမှုရရှိတဲ့ သီချင်းတွေကို ရွေးပြီးတင်ဆက်ပေးမှာပါ။ စုစုပေါင်း သီချင်းအပုဒ် သုံးဆယ်လောက် ဖျော်ဖြေပေးမှာပါ’’ဟု စည်သူလွင်ကပြောသည်။


တစ်ကိုယ်တော်ဖျော်ဖြေပွဲ အနေဖြင့် ဂီတသက်တမ်းဆယ် နှစ်ပြည့်တွင်တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ယခုဖျော်ဖြေပွဲကျင်းပရန် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ပြင်ဆင်ခဲ့ကြောင်း ၎င်းကဆိုသည်။


လာမည့်နှစ်တွင် ၎င်း၏ ဂီတသက်တမ်းနှစ်(၂၀)ပြည့်မြောက်မည်ဖြစ်ပြီး ယခုဖျော်ဖြေပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ပါက မန္တလေးမြို့တွင်လည်း ယခုကဲ့သို့ဖျော်ဖြေပွဲမျိုးပြုလုပ်လိုကြောင်း စည်သူလွင်ကပြောသည်။


ဖျော်ဖြေပွဲလက်မှတ်များကို ကျပ် ၇,၀၀၀ မှ ကျပ်၂၀,၀၀၀ အထိ သုံးမျိုးသတ်မှတ်ထားကာ မန်းသီရိတေးသံသွင်း၊ ကိုကိုညီ ညီ ဗြူတီဆလွန်း၊ Call Center ၁၈၇၆ နှင့် Y-Talk ဆိုင်ခွဲများတွင် ဝယ်ယူနိုင်သည်။

Myawady  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment