Pages

Monday, April 28, 2014

အပူလှိုင်းကြောင့် လူတွေ သေဆုံး


RangonNewsDaily: April . 28 .2014
မြန်မာနိုင်ငံမှာ အပူလှိုင်းတွေ ဖြတ်သန်းနေတဲ့အတွက် အပူရှပ်မှုတွေဖြစ်ပြီး သေဆုံးမှုတွေလည်း ဖြစ်နေပါတယ်။
ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အမိုးအကာမဲ့သွားလာခြင်းကြောင့် အရေးပြား ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာဆိုရင် ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်း အပူချိန် ၄၂ ကနေ ၄၄ ဒီဂရီ ဆဲလ်စီးရက်စ် အထိ မြင့်တက်ခဲ့ပြီး မန္တလေးမြို့မှာ တရက်တည်းအတွင်း အပူရှပ်လို့ သေဆုံးသူ ၆ ဦးရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ တချို့ဒေသမှာဆိုရင် မိုးရွာသွန်းရင် အအေးဓာတ် ရနိုင်ပေမယ့် လတ်တလောမှာ မိုးရွာသွန်းမှုတွေ နည်းပါးနေတယ်လို့လည်း ဆိုပါတယ်။

အပူလွန်ကဲမှုတွေကြောင့် ဒီနှစ်အတွင်း လျှပ်စစ်ပန်ကာတွေ၊ အဲယားကွန်းတွေရဲ့ ရောင်းအားတွေလည်း မြှင့်တက်နေပြီး ခါတိုင်းနှစ်တွေထက် သုံးဆ ပိုအရောင်းသွက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ UV ခရမ်းလွန်ရောင်ခြည်ရဲ့ အဆင့်တွေဟာလည်း ဧပြီလ ကတည်းက သာမာန်ထက် မြှင့်တက်နေတဲ့အတွက် နေမလောင်အောင် အကာအကွယ်တွေ ပြုလုပ်ကြဖို့ အိမ်ပြင်ထွက်ကစားတာတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားတဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ABC radio australia
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment