Pages

Monday, April 28, 2014

ကျောက်တန်းမြို့နယ်၌ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်

RangonNewsDaily: April . 28 .2014
၂၇.၄.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် ကျောက်တန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာ၊ပရိယတ္တိဘူမိ ဘုန်းတော်ကြီးကျောင်းရှိ သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်အပေါ်ထပ်တွင် ဂေါပကအဖွဲ့ဝင် ဦးလှိုင်ကြူ (၆၀)နှစ်၊ချောင်းစောက်ကျေးရွာ၊ ကျောက်တန်းမြို
့နယ်နေသူမှ ကော်ဇောပေါ်၌ခြင်ဆေးခွေထွန်းထားခဲ့ ရာ ခြင်ဆေးခွေမီးမှ ကော်ဇောပေါ်သို့ကျပြီး မီးစတင်လောင်းကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၄၂၀အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်(၁)ဆောင် တန်းဖိုးငွေကျပ်(၁၃)သိန်းခန့် ဆုံးရှုံးသွား ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မီးပေါ့ဆစွာသုံးစွဲသူ ဦးလှိုင်ကြူအား ကျောက်တန်းမြို့မရဲစခန်း(ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ကာအရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Myawady ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment