Pages

Sunday, April 27, 2014

ပြည်သူ့စစ်အဖွဲ့စီးလာသောကားနှင့်ဆိုင်ကယ်စီးသေနတ် သမားနှစ်ဦး အပြန်အလှန်ပစ်ခတ်


RangonNewsDaily: April . 27 .2014
ကျောက်မဲမြို့တွင် ပြည်သူ့စစ်အဖွဲ့ စီးလာသောကားကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ကားလမ်းတစ်လျှောက်လိုက်
လံပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။
‘‘သေနတ်နဲ့ အပြန်အလှန် ပစ်ကြတဲ့ဖြစ်စဉ်မှာ နှစ်ဖက်လုံးက အမျိုးသားတစ်ဦးစီ သေဆုံးသွား ပါတယ်။ သေနတ်နဲ့ လိုက်ပစ်တဲ့ လက်နက်ကိုင်အဖွဲ့ကို ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းနေရတုန်းမို့လို့ အသေးစိတ်သတင်းထုတ်ပြန်လို့ မရသေးပါဘူး’’ဟု ကျောက်မဲမြို့ မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောသည်။

ဧပြီ ၂၅ ရက် နံနက်က ကျောက်မဲ-မိုင်းတင်းသွား ကား လမ်းပေါ်တွင် အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုင်းတင်း ရွာပြည်သူ့စစ်ခေါင်းဆောင် စိုင်း အောင်မိုးနှင့် အမျိုးသားသုံးဦး ကားမောင်းလာစဉ် အမျိုးသား နှစ်ဦးက ဆိုင်ကယ်စီး၍လိုက်လာ ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့မှ ဦးစံပွဲက ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

‘‘ကားလမ်းပေါ်မှာ တစ်ဖက် နဲ့တစ်ဖက် သေနတ်နဲ့ပစ်နေကြ တာ ရုပ်ရှင်ထဲကအတိုင်းပဲ။ ရဲ တပ်ဖွဲ့က ဘယ်လိုအရေးယူမလဲ တော့မသိဘူး။ ဒါပေမဲ့ မြို့နဲ့နီး တဲ့နေရာမှာဆိုတော့ ထိထိရောက် ရောက် စုံစမ်းဖော်ထုတ်စေချင် တယ်။ အေးအေးချမ်းချမ်းနေနေ တဲ့ လူတွေကြားထဲမှာ သေနတ်နဲ့ ပစ်ချင်တိုင်းပစ်နေကြတာ’’ ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ ခဲ့သည့် မိုင်းတင်းရွာဒေသခံတစ် ဦးက ပြောသည်။

‘‘အန်ကယ်တို့လည်း မြို့အ စွန်မှာဆိုတော့ သတိဝီရိယထား ပြီး ရင်တထိတ်ထိတ်နဲ့ နေနေရ တယ်။ အခြေအနေတွေက ရှုပ် ထွေးပြီး ဘယ်သူတွေမှန်းကို မသိ တာ။ ဒီဘက်မှာ SSA, RCSS, ကချင်၊ ပလောင်၊ တပ်ပေါင်းစု မျိုးစုံရှိနေတာ ဘယ်သူတွေမှန်း ကိုမသိတာပါ။ မှန်းရခက်တယ်’’ ဟု ယင်းဒေသခံက ပြောသည်။ ဇန်န၀ါရီ ၁၅ ရက်ကလည်း မိုင်း လုံမြို့နယ်ခွဲ၊ တော့်ဇကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးသေနတ်ဖြင့် ချောင်းပစ်ခံခဲ့ရကြောင်း ယင်းဒေသခံက ပြောသည်။

ကားကို သေနတ်ဖြင့် လိုက်ပစ်စဉ် ကားမှာကျောက်မဲ- မိုင်းတင်းသွား ကားလမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး အဆိုပါနေရာတွင် အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်သည်။ အဆိုပါပစ်ခတ်မှုတွင် ပြည်သူ့စစ်ခေါင်းဆောင် စိုင်းအောင်မိုးသေဆုံးသွားပြီး လက်နက်ကိုင်အဖွဲ့မှ စုံစမ်းနေဆဲ အမျိုးသားတစ်ဦးလည်း သေဆုံးသွားကြောင်း၊ကျန်အမျိုးသားတစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ကျောက်မဲမြို့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်ကို စုံစမ်းနေပြီး လူသတ်မှုနှင့် လူသတ်ရန်ကြံစည် အားထုတ်မှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

7 Day News , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment