BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

တစ်နေ့နေ့ကြရင် (ကဗျာ)



RangonNewsDaily: April . 27 .2014

ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ဘဝတစ်ခုကို
အတူတူလက်တွဲသွားကြမယ်...

ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ပျော်ရွှင်စရာကောင်း
တဲ့ မိသာစုလေးတစ်ခုကိုတည်ဆောက်ကြမယ်...

ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် အခက်ခဲတွေကို
အတူတူဖြတ်ကျော်ကြမယ်...

ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ကလေးတွေရဲ့
ဖေကြီး မေကြီးခေါ်တဲ့အသံလေးကိုအတူတူနားစွင့်ကြ
မယ်...

ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် ကြည်လင်ပြီးနိုးထတဲ့
မနက်ခင်းတိုင်းမှာ တိမ်ပြာပြာတွေကိုမော့ကြည့်ပြီး
ကော်ဖီအတူသောက်ကြမယ်...

ငါတို့နှစ်ယောက်တစ်နေ့နေ့ကြရင် "အဖိုးကြီးရေ"
"အဖွားကြီးရေ"လို့ခေါ်ပြီး ဆံပင်တွေဖြူသွားတွေကျိုး
တဲ့အထိ ဘဝရဲ့နေဝင်ချိန်ကိုငေးကြည့်ကြမယ်...

ငါတို့နှစ်ယောက်မျှော်လင့်ထားတဲ့အဲဒီတစ်နေ့နေ့ရောက်
လာခဲ့ရင်ပေါ့...


KOLATT(PBDN)
RangonNewsDaily