Pages

Sunday, April 27, 2014

မွတ်စလင်တွေကို ဖိနှိပ်နေလို့ မြန်မာတွေ အောင်မြင်မှာ မဟုတ်ကြောင်း အိုဘားမား ပြော


RangonNewsDaily: April . 27 .2014
“မွတ်စလင်တွေကို ဖိနှိပ်နေလို့ မြန်မာတွေ အောင်မြင်မှာ မဟုတ်ပါဘူး”လို့ မလေးရှားတက္ကသိုလ်မှာ ယနေ့ပြုလုပ်တဲ့ အာဆီယံလူ
ငယ်များ ခေါင်းဆောင်မှုစွမ်းရည် ဖိုရမ်မှာ အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက ထည့်သွင်းပြောကြားလိုက်ပါတယ်။
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေက မြန်မာပြည်ကို အလွန်ဆိုးဝါးတဲ့ လမ်းကြောင်းကို တွန်းပို့နိုင်ပါတယ်လို့ သမ္မတအိုဘားမားက ဆိုပါတယ်။

သမ္မတ အိုဘားမားက စစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး “ရဲဝံ့သော လုပ်ဆောင်ချက်များ”အဖြစ် ချီးကျူးပြောဆိုလိုက်ပေမယ့် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်လာပြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့အခါ ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင် တွေ့ရနိုင်လို့ သတိပေးလိုက်ပါတယ်။
::
“အခုလို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ အန္တရာယ်ရှိနေတာက မြန်မာပြည်တွင်းမှာ ကွဲပြားခြားနားတဲ့ မျိုးနွယ်စုတွေ၊ မယူကွဲပြားတဲ့ ဘာသာတရားတွေရှိနေတဲ့အတွက်ပါ”လို့ အိုဘားမားက ပြောပါတယ်။

“တကယ်လို့ လူတွေက ဘာသာရေးကွဲပြားခြားနားမှုနဲ့ လူမျိုးရေး ကွဲပြားခြားနားမှုတွေအပေါ်မှာ မူတည်ပြီး နိုင်ငံရေး လုပ်တော့မယ်ဆိုရင်တော့ ပဋိပက္ခတွေကိုပဲ ခင်ဗျားတွေ့ရပါလိမ့်မယ်၊ အဲဒီပြဿနာက မြန်မာနိုင်ငံကို ဆိုးဝါးတဲ့ လမ်းကြောင်းကိုပဲ တွန်းပို့နိုင်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။
::
သမ္မတက ရခိုင်ပြည်နယ်ရှိ မြန်မာမွတ်စလင်လူနည်းစု ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာအမျိုးသားရေး ၀ါဒီတွေရဲ့လက်ထဲမှာ ဖိနှိပ်ညှင်းပန်းခံနေရတာကို ရည်ညွှန်းပြောကြားသွားတာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစတင်ပြီး ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်တို့အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၂၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
::
The Straits Times တွင် ဖော်ပြသော “Obama warns against repression of Muslims in Myanmar ”ကို စိုင်ဖုလ္လာဟ်(မြန်မာ မွတ်စလင်မီဒီယာ)က ကောက်နုတ်ဘာသာပြန်ဆိုသည်။

MyanmarMuslimMedia::KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment