Pages

Sunday, April 27, 2014

တမူးမြို့၌ တရုတ်နိုင်ငံသား ရှစ်ဦးအား လက်နက်ငယ်များနှင့်အတူ ဖမ်းဆီးရမိ


RangonNewsDaily: April . 27 .2014
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက် ညနေပိုင်းက တရုတ်နိုင်ငံသား ရှစ်ဦးအား မော်တော် ယာဉ်တစ်စီး၊ လက်နက်ငယ် ရှစ်လက်၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက်များ၊ မြန်မာနိုင်ငံမြေပုံတစ်ချပ်၊ တယ်လီဖုန်း များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဧပြီ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ ခန့်တွင် တမူးမြို့အဝင် သုံးမိုင် စစ်ဆေးရေးဂိတ်သို့ ကလေးဘက်မှ ကားတစ်စီး မီးထိုးမောင်းနှင်လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့က တားဆီးစစ်ဆေးရာ ရပ်တန့်ပေးခြင်း မရှိဘဲ တမူးမြို့အတွင်း မောင်းနှင်ပြေး သဖြင့် ကားနောက်သို့ လိုက်လံဖမ်းဆီး ခဲ့သည်။ အဆိုပါမော်တော်ယာဉ်သည် မြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လှည့်မောင်း နှင်ခဲ့ရာ ညနေ ၄နာရီ ၃၅ မိနစ်တွင် မြို့အဝင် သုံးမိုင်ဂိတ်၌ ပိတ်ဆို့ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသော ကားမှာ တိုယို တာ အမျိုးအစား Double Cab ဖြစ်ပြီး ယာဉ်ပေါ်တွင် တရုတ်လူမျိုး ရှစ်ဦး စီးနင်းလိုက်ပါလာကာ ၎င်းတို့ နှင့်အတူ လက်နက်ငယ် ရှစ်လက်၊ လက်နက်ငယ်ကျည် ၁၈၆ဝ၊ လက် ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေးစကား ပြောစက် ငါးလုံး၊ တရုတ်စာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံ တစ်ချပ်၊ စစ်သုံးဓားမြှောင် သုံးချောင်း၊ လက်ကိုင်ဖုန်း လေးလုံး၊ စစ်သုံး ချပ်ဝတ်တန်ဆာ ရှစ်စုံ၊ အဝေးကြည့် မှန်ပြောင်းတစ်လက်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီး ရမိသည့် တရုတ်လူမျိုး ရှစ်ဦးမှာ စီချွမ်ပြည်နယ်နေကျန်းကျိန် (၁၇)နှစ်၊ ကျန်းယိန်(၁၇)နှစ်၊ ရန်ရှော်ဟုန် (၁၉)နှစ်၊ ကွမ်စီပြည်နယ်နေ ဖန်းစင်းချိန် (၂၁)နှစ်၊ ဟိုပေပြည်နယ်နေ လျှိုလျန် (၂၁)နှစ်၊ ကွေကျိုးပြည်နယ်နေ လျှို ယယ်ချန်း(၁၉)နှစ်၊ အန်းဝှီးပြည်နယ် နေ ဟန်လုလု(၂၅)နှစ်နှင့် လီထယ် (၂၂)နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့အနက် ကားမောင်းသူ ဟန်လုလုအား စကားပြန်ဖြင့် ပဏာမ စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့အဖွဲ့ သည် ကိုးကန့်နယ်မြေ တန့်ယန်း အထက်ဘက်ရှိ မိုင်းကြက်ရွာတွင် စစ်သင်တန်း တက်ရောက်နေရာမှ တပ်စုမှူးဖြစ်သူ ဝူကြာဖူဆိုသူအား သတ်ပြီး စခန်းအတွင်းရှိ သော့တန်း လန်းဖြင့် တွေ့ရှိသောကားကို မောင်းယူလာခြင်းဖြစ်ကြောင်း သိရှိရ သည်။

၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ် အမှန် ပေါ်ပေါက်စေရေးအတွက် ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment