Pages

Sunday, April 27, 2014

ဖုန်းခေါ်ဆိုမှု အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဟု တယ်လီနောမြန်မာဆို

RangonNewsDaily: April . 27 .2014
ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများ ပြည်တွင်းတွင် စတင် လုပ်ကိုင်နေပြီ ဖြစ်သည့် တယ်လီနောမြန်မာက ၎င်းတို့ အသုံးပြုမည့် မိုဘိုင်းလ် ဆက်သွယ်ရေး
ကွန်ရက် ထိန်းချုပ်စီမံခန့်ခွဲမှု အချက်အလက်စင်တာ (Core Network Data Center) များသည် ဖုန်းအဝင်အထွက် ခေါ်ဆိုမှု အရေအတွက် အကန့်အသတ်မရှိ သုံးစွဲနိုင်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“Data Center တစ်ခုက Users ၁၀ သန်းကျော် သုံးလို့ရတယ်။ နှစ်ခု တည်ဆောက်
ထားပါတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။တယ်လီနောမြန်မာက ယင်းကုမ္ပဏီ၏
မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်ကို ထိန်းချုပ်စီမံခန့်ခွဲမည့် Core Network Data Center ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် တည်ဆောက်ထားပြီး ရန်ကုန်ရှိ Data Center ကို ဧပြီလ လဆန်းပိုင်းက လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကာ မန္တလေးရှိ Data Center ကို မေလဆန်းတွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းမိုဘိုင်းလ်ဖုန်းအသုံးပြုသူ ခြောက်သန်းကျော်သာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးက
 ထုတ်ပြန်ထားသော်လည်း မိုဘိုင်းလ် ဆက်သွယ်ရေး စနစ်များမှာ အသုံးပြုရ ခက်ခဲနေပြီး တယ်လီဖုန်း ခေါ်ဆိုမှုများမှာ အဆင်ပြေချောမွေ့မှု မရှိကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက ဆိုသည်။
::
“ဒီအတိုင်းဆို အခုချိန် တယ်လီနောကို Data Center ကို ပြည်တွင်းက တာဝါတိုင်တွေကို ချိတ်ဆက်ခိုင်းပြီး လူတွေ
ကို သုံးခွင့်ပေး
င်တောင် လူက ခြောက်သန်းကျော်ပဲ ရှိတာ။ အဆင်ပြေပြေ ချောချောမွေ့မွေ့ သုံးနိုင်မယ်ဆိုတဲ့ သဘောပဲ။ MPT က စက်တွေကိုက စုတ်နေတာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေဦးက ဆိုသည်။

ရန်ကုန်ရှိ Data Center ကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ၏ မိုဘိုင်းလ် ခေါ်ဆိုမှုများနှင့် မိုဘိုင်းလ် အင်တာနက် အသုံးပြုမှုများကို ထိန်းချုပ် စီမံခန့်ခွဲရန်အတွက် ရည်ရွယ် တည်ဆောက်ထားပြီး Huawei ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်

ရွက်ခြင်း ဖြစ်ကာ မြန်မာနိုင်ငံ အထက်ပိုင်းအတွက် ရည်ရွယ်ထားသည့် မန္တလေးရှိ Data Center ကိုမူ Ericson ကုမ္ပဏီနှင့်
 ပူးပေါင်း ဆောင်ရွက်နေကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။
::
တယ်လီနောမြန်မာ အနေနှင့် အဆိုပါ Data Center နှစ်ခုကို မြန်မာတစ်နိုင်ငံလုံးရှိ တယ်လီနော၏ ဆက်သွယ်ရေး တာဝါတိုင်

များနှင့် ချိတ်ဆက်၍ တယ်လီနောမြန်မာ မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းဆက်
သွယ်ရေး ကွန်ရက်မှတစ်ဆင့် 2G၊ 3G နှင့် 4G စနစ် မိုဘိုင်းလ် ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်သည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment