Pages

Sunday, April 27, 2014

မြန်မာ ပြည်မှ ကလေးငယ် နှလုံး ခွဲစိတ်မှု အောင်မြင်


RangonNewsDaily: April . 27 .2014
မြန်မာ နိုင်ငံမှ မွေးရာပါ နှလုံးရောဂါ ရှိသည့် ငါးနှစ်အရွယ် မိန်းကလေးကို အမေရိကန် ပြည်ထောင်စုတွင် ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့က အောင်မြင်စွာ ခွဲစိတ်ကု သပြီး ပြန်လည် ကောင်းမွန်လာကာ ကျန်းမာစွာ ရှိကြောင်း သိရပါသည်။မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ဇာတိ မေရီ (အသက် ၅ နှစ်) ကို ဧပြီ ၂၂ ရက်က ခက်ခဲသော နှလုံးခွဲ စိတ်ကုသမှု ပြုလုပ်ခဲ့ ပြီးနောက် ပြန်လည် ကျန်းမာလာကာ နောက်နှစ် ရက်အကြာတွင် ပထမဆုံး အပြုံးကလေးဖြင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ဇာတိ မေရီ (အသက် ၅ နှစ်) ကို ဧပြီ ၂၂ ရက်က ခက်ခဲသော နှလုံးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးနောက် ပြန်လည် ကျန်းမာလာကာ နောက်နှစ်ရက်အကြာတွင် ပထမဆုံး အပြုံးကလေးဖြင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။

ချင်းတိုင်းရင်း သူလေး မေရီ၏ နှလုံးရောဂါမှာ ခွဲစိတ်ကုသရန် ရှုပ်ထွေးခက်ခဲသည်ဟု ဆိုကာ နှလုံးခွဲစိတ် အထူးကု အမေရိကန်သမား တော်ကြီး နှစ်ဦးက ငြင်းပယ် ခဲ့ပြီး၊ တတိယ သမားတော်ကြီး ကလည်း သေချာစွာ စစ်ဆေးပြီးမှ သဘောတူ လက်ခံခဲ့ ပါသည်။

နယူးယောက်မြို့၊ ဘရွန့်ရပ်ကွက် The Children’s Hospital at Montefiore ဆေးရုံကြီးတွင် နှလုံးနှင့် ရင်ခေါင်း ခွဲစိတ်အထူးကု သမားတော်ကြီး ဒေါက်တာ ဆမ်မြူရယ်လ် ဝိုင်းစတိုင်းက မေရီ့ကို အောင်မြင်စွာ ခွဲစိတ်ကု သပေးခဲ့ခြင်း ဖြစ်သည်။

အထူးကု သမားတော်ကြီး အဆင့်ဆင့် ပြောင်းလဲခဲ့ရ သဖြင့် ကုန်ကျ စရိတ်လည်း ဒေါ်လာ ၆,၀၀၀ ပိုမို များပြား ခဲ့ရကြောင်း သိရပါသည်။ ထပ်ဆင့် ကုန်ကျလာသော စရိတ် ဒေါ်လာ ၆,၀၀၀ အတွက် အခက်အခဲ ဖြစ်နေစဉ်မှာပင် ဤခွဲစိတ်မှုကို အစပျိုး စီစဉ်ခဲ့သော ရိုထရီ ကလပ်ကပင် ထပ်မံ တာဝန်ယူ လိုက်သဖြင့် ဆက်လက် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ဇာတိ မေရီအမည်ရှိ နှလုံးရောဂါသည် မိန်းကလေးသည် နှလုံးနှင့် အဆုတ်ကို ဆက်သွယ်သော သွေးကြောများ ချို့ယွင်းသည့် Pulmonary Vascular Disease ဖြစ်ပွားနေ သော်လည်း မြန်မာ နိုင်ငံတွင် ကလေးသူ ငယ်များ အတွက် သီးသန့် နှလုံးခွဲ စိတ်ကုသနိုင်ခြင်း မရှိသေး သောကြောင့် အသက် အန္တရာယ် ရှိနေပါသည်။

နှလုံး လှသော ကူညီသူများ

အမေရိကန် ပြည်ထောင်စု၊ နယူးဂျာဆီပြည်နယ်၊ ပရာမတ်စ်မြို့၏ ပရဟိတအကျိုးဆောင် ရိုထရီကလပ်၏ ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ဒေါ်စိုးစိုးမိုး (Sophie Stone) ၏ ကြိုးပမ်းမှုဖြင့် ‘အသက်လက်ဆောင် (Gift of Life)’အမည်ရှိ အသက်ကယ် အစီအစဉ်အဖြစ် မေရီကို အမေရိကန်သို့ ခေါ်ယူ၍ ခွဲစိတ်ကုသပေးရန် စီစဉ်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံတွင် မေရီ့ကို နှလုံးခွဲစိတ်ကုသနိုင်ရန် ပရာမတ်စ်မြို့ဝန်နှင့် မိသားစုကိုယ်တိုင် ကူညီဆောင်ရွက်ပေးနေပြီး ဒေါ်စိုးစိုးမိုး၏ ခင်ပွန်း သိက္ခာတော်ရ တရားဟောဆရာ ဦးမောင်မောင် ခေါ် Sam Stone ၏ ထရီနီတီ ဘုရားကျောင်းကလည်း ကုန်ကျငွေ ထက်ဝက်ကို လှူဒါန်းခဲ့သည်။

ပရာမတ်စ်မြို့ဝန် ရစ်ခ်ျ လာဘာဘီယာရာနှင့် ဇနီး မေရီအန်းတို့သည် မြန်မာမိန်းကလေးနှင့် မိခင်တို့ကို ၎င်းတို့ မိသားစုအိမ်တွင် တည်းခိုရန် သီးသန့် အိပ်ခန်းစီစဉ်ပေးကာ လှိုက်လှဲစွာ လက်ခံကူညီခဲ့ကြသည်။

မေရီ့ကို ခွဲစိတ်ပေးသော နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ ဆမ်မြူရယ်လ် ဝိုင်းစတိုင်းက နောက်ထပ် နှစ်ကြိမ် ကြည့်ရှုစစ်ဆေးပြီးနောက် အားလုံးကောင်းမွန် စိတ်ချရပြီဆိုလျှင် မြန်မာပြည်သို့ ပြန်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာသစ် , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment