Pages

Sunday, March 2, 2014

မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသမယ့် တရုတ် ဇာတ်လမ်းတွဲမှာ မြန်မာနောက်ခံ အသံအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Miss ခင်လပြည့်ဇော်


RangonNewsDaily: March . 2 .2014
မြန်မာနိုင်ငံရဲ့ ပြည်သူ့အကျိုးပြု ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လုပ်ကိုင်ပေးနေတဲ့ Miss ခင်လပြည့်ဇော်ကို လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလောမှာတော့ မတ်လ၅ရက်နေ့မှာ ဦးစင်ရော်မောင်မောင် ရိုက်ကူးမဲ့ သန်းခေါင်စာရင်းလှုံ့ဆော်မှု နိုင်ငံ့အကျိုးပြုသီချင်းအတွက် ချင်းတောင်တန်းမှာ သွားရောက် ရိုက်ကူးသွားဖို့ရှိပါတယ်။
နောက်တစ်ခုက မကြာခင် မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသသွားတော့မယ့် တရုတ်ဇာတ်လမ်းတွဲတစ်ခုမှာ ညီမက မြန်မာနောက်ခံအသံနဲ့ သရုပ်ဆောင်ဖို့အတွက် အသံသွင်းနေပါတယ်။ အဲဒီ့ဇာတ်လမ်းတွဲမှာ အသံသရုပ်ဆောင်တွေအဖြစ် ညီမနဲ့ အတူ ကိုပိုင်ဇေရဲထွန်း၊ ကိုစည်သူမောင် နဲ့မသီရိရှင်းသန့်တို့ ပါပါတယ်။

ညီမက အဲဒီ့ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ အဓိကဇာတ်ဆောင်အသံအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဒီအသံသရုပ်ဆောင်က ညီမအတွက် ပထမဆုံးသရုပ်ဆောင် ရတာ ဖြစ်ပေမယ့်လို့ ရှေ့ဆက်မဲ့ အနုပညာလမ်းကြောင်းအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ ညီမအနေနဲ့ တွေးမိပါတယ်။ အခက်အခဲ တွေအနေနဲ့ကတော့ ကိုယ်ကိုယ်တိုင်သရုပ်ဆောင်ရတဲ့အခါ ကိုယ့်အသံနဲ့ ကိုယ့်ရဲ့Moodက ထပ်တူကျတယ်။ 


ဒါပေမဲ့လို့ သူများ သရုပ်ဆောင်ထားတာကို ကိုယ့်အသံနဲ့သရုပ်ဆောင်ရတာဖြစ်တဲ့ အတွက်ကြောင့် တရုတ်စကားတွေက ကျစ်လစ်ပြီး မြန်မာစကားကတော့ ကျယ်ပြန့်ပါတယ်။ သူတို့စကားပြောပြီးပေမဲ့ ကိုယ်မြန်မာလို ပြောရတာက မပြီးသေးဘူး။ 

ဒါကြောင့်အသံမသွင်းခင် အချိန်ကတည်းက သေချာအသံပိုင်းကို လေ့ကျင့်ခဲ့တယ်။ ပြီးတော့ ကိုယ်တိုင်ပဲEditလုပ်ပါတယ်။ ဒီလိုမျိုးလုပ်ရတာလည်း ကောင်းပါတယ်။ ဒါကလည်း ကိုယ့်အတွက်တော့ ကောင်းသော အတွေ့အကြုံကောင်း တစ်ခုပါ’လို့ သူမက ဆိုပါတယ်။

Trend Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment