Pages

Sunday, March 2, 2014

တရုတ်လုပ် ဒုံးကျည်စနစ် မြန်မာစစ်ဘက် ၀ယ်ယူထား


RangonNewsDaily: March . 2 .2014
တရုတ်နိုင်ငံလုပ် အိတ်ခ်ျကျူ-၁၂ အမျိုးအစားမြေပြင်မှ ဝေဟင်ပစ် တာလတ် ပစ်ဒုံးကျည်များ မြန်မာနိုင်ငံက ၀ယ်ယူထားသည်ဟူသည့် သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းလေကြောင်းရန် ကာကွယ်ရေးစနစ်ကို အသုံးချမည် ဆိုပါက မြန်မာ့တပ်မတော်သည် အဆင့်မြင့်နည်းပညာသုံး အမေရိကန်ဂျက် တိုက်လေယာဉ်များကိုပင် ပစ်ချနိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံထုတ် ဂလိုဘယ်လ် တိုင်းမ်သတင်းစာက မတ် ၁ ရက်၌ဖော်ပြသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသည် ၎င်း၏လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များတွင် တပ်ဆင်အသုံးပြုရန် အိတ်ခ်ျကျူ-၁၂မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်၏ ပို့ကုန်အတန်းအစားဖြစ်သောကေအက်စ်-၁ အေအက်စ်ဒုံးကျည်စနစ်များကို ၀ယ်ယူခဲ့ကြောင်း ရုရှားနိုင်ငံ မော်စကိုမြို့တော်၏ အခြေစိုက်မဟာဗျူဟာနှင့် နည်းပညာလေ့လာရေးဗဟိုဌာနက သတင်းထုတ်ပြန်ထားသည်။

သတင်းများ၏ အဆိုအရ တရုတ်နိုင်ငံသည် ကေအက်စ်-၁ အေအက်စ် ဒုံးကျည်များကို မြန်မာ့တပ်မတော်ထံ ယခုနှစ် ဇွန်လအတွင်းလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိအချိန်တွင် မြန်မာစစ်ဘက် သည် ပစ်မှတ်အများအပြားကို တစ်ပြိုင်တည်းခြေရာခံထောက်လှမ်းနိုင်သောလေကြောင်းရန် ကာကွယ်ရေးစနစ်မျိုး ပိုင်ဆိုင်ရန် စိတ်ဝင်စားနေကြောင်း ဂလိုဘယ်လ်တိုင်းမ်သတင်းစာက ဖော်ပြသည်။

ကေအက်စ်-၁ အေအက်စ်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်သည် ပစ်မှတ် များအား ခြေရာခံထောက်လှမ်းနိုင်စွမ်းရှိပြီး ပစ်မှတ်သုံးခုကို တစ်ချိန်တည်း ဟန့်တား နိုင်စွမ်းရှိကြောင်းသိရသည်။ဈေးနှုန်းချိုသာမှုကြောင့် မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံနှင့် သင့်လျော်သည့်အိတ်ခ်ျကျူ-၁၂ လေကြောင်းရန် ကာကွယ်ရေးစနစ်သည် နေပြည်တော်နှင့် ရန်ကုန်တို့အား လေကြောင်း အန္တရာယ်မှ အကာအကွယ်ပေးရေးအတွက် စစ်ဘက်ကို အထောက်အကူ
ပေးနိုင်ကြောင်း ဂလိုဘယ်လ်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

အိတ်ခ်ျကျူ-၁၂ ဒုံးကျည်စနစ် သည် ကီလိုမီတာ ၁၀၀ အ၀န်းအ၀ိုင်း အတွင်းရှိ ပစ်မှတ်များကို ခြေရာခံထောက်လှမ်းနိုင်ပြီး ဒုံးကျည်ခြောက်စင်းကို လမ်းညွှန် ထိန်းချုပ်၍ ပစ်မှတ်တစ်ခုကို ဒုံးကျည်နှစ်စင်းနှုန်းဖြင့် ဟန့်တား ဖျက်ဆီးနိုင်ခြင်းကြောင့် အမေရိကန်လေတပ်စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ ဖြစ်သည့် အက်ဖ် - ၁၆ နှင့် အက်ဖ်/အ - ၁၈ တို့၏
လေယာဉ်များအား ရင်ဆိုင်စစ်ထိုးနိုင်ကြောင်း ဂလိုဘယ်လ်တိုင်း သတင်းစာ၏ အဆိုအရ သိရသည်။

စံတော်ချိန် , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment