Pages

Sunday, March 2, 2014

ယူကရိန်းအပေါ် စစ်ရေးအရ စွက်ဖက်ခြင်းနှင့် ပတ်သက်၍ ရုရှားကို အိုဘားမားသတိပေး


RangonNewsDaily: March . 2 .2014
ရုရှားလိုလားသော သမ္မတ ယာနျူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းနှင့် ပတ်သက်၍ု အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသ၏ အစိုးရရုံးနှင့် လေဆိပ်များကို ရုရှား လက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက် စီးနင်းလျက် ရှိသည်ဟူသော သတင်းများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ အိုဘားမားက ရုရှားကို ယခုကဲ့သို့ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကရိုင်းမီးယားဒေသသို့ ရုရှားစစ်တပ်များ ဝင်ရောက်လာပြီး ယူကရိန်းနိုင်ငံကို လက်နက်ကိုင် ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်လျက် ရှိကြောင်း ယူကရိန်း ယာယီသမ္မတက စွပ်စွဲပြောကြားထားသည်။

ယူကရိန်းနိုင်ငံ ကရိုင်းမီးယား ဒေသသည် ရုရှားလူမျိုးများ အများစု နေထိုင်ရာ ဒေသဖြစ်ပြီး ရုရှားလိုလားသော ယူကရိန်းသမ္မတ ယာနျူကိုဗစ်ခ်ျကို အတိုက်အခံများက ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ကရိုင်းမီးယား ဒေသတွင်းသို့ ရုရှား လက်နက်ကိုင် တပ်များဟု ယူဆရသည့် အဖွဲ့များ ဝင်ရောက်လာခဲ့ပြီး အစိုးရ အဆောက်အအုံနှင့် အဓိကကျသော လေဆိပ်များကို စီးနင်းထားခြင်း ဖြစ်သည်။

ထို့ကြောင့် မတည်အငြိမ် ဖြစ်နေသော ကရိုင်းမီးယားဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် ရုရှား လိုလားသူဖြစ်သော ကရိုင်းမီးယားဒေသ ဝန်ကြီးချုပ် Serhiy Aksyono ကလည်း ရုရှားအစိုးရကို အကူအညီ တောင်းခံထားသည်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကရိုင်းမီးယား နယ်မြေ ငြိမ်းချမ်းဖို့အတွက် အကူအညီပေးဖို့ ရုရှားသမ္မတ ပူတင်ကို ကျွန်တော် အခွင့်တောင်းထားပါတယ်” ဟု ရုရှား လိုလားသူဖြစ်သော ကရိုင်းမီးယား ဒေသဆိုင်ရာ ဝန်ကြီးချုပ်က ပြောကြားသည်။

ကရိုင်းမီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပါလီမန်က ကြာသပတေးနေ့တွင် Serhiy Aksyono ကို ကရိုင်းမီးယား ဒေသဆိုင်ရာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ကရိုင်းမီးယား ဒေသဆိုင်ရာ ပြည်ထဲရေးနှင့် နယ်ခြားစောင့် တပ်ဖွဲ့ရေးရာ အကြီးအကဲ အဖြစ်လည်း လောလောဆယ် တာဝန်ယူထားသည်။

သောကြာနေ့က ပင်လယ်နက် အတွင်းရှိ ရုရှားရေတပ် အခြစိုက်ရာ နေရာဖြစ်သည့် ကရိုင်းမီးယားဒေသ၏ မြို့တော် ဆင်ဖာရိုပိုရှိ လေဆိပ်နှင့် ဆီဗာတိုပို လေဆိပ်တို့ကို မည်သူမည်ဝါမှန်း မသိရသော လက်နက်ကိုင်တပ်များက ဝင်ရောက် စီးနင်းခဲ့သည်။

ကရိုင်းမီးယားမြို့တော် ဆင်ဖာရိုပို အနီးရှိ ရုရှားရေတပ် အခြေစိုက်စခန်းသို့ တပ်သား ၂၀၀၀ ခန့်ရှိသော လေယာဉ် ၁၃ စင်းခန့် ဆင်းသက်ခဲ့ကြောင်း ဒေသခံ အစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်း မီဒီယာများတွင် ဖော်ပြထားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment