Pages

Sunday, March 2, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး သာကေတမှာ ဆန္ဒဖော်ထုတ်

RangonNewsDaily: March . 2 .2014
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ်လ ၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပုဒ်မ ၅၉(စ)(ဃ)၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့အတွက် အဓိက ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို သက်ဆိုင်ရာမှာ ခွင့်ပြုချက်တောင်းခံခဲ့ပြီး လူ ၂၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို မနက် ၈ မှာ သာကေတမြို့နယ် အနော်မာလမ်းထိပ်ကနေ သာကေတ အုပ်ချုပ်ရေးမှူးရုံး ရှေ့ထိဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲကို အရပ်ဖက်အဖွဲ့စည်းမှ လူများ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ အခုဆန္ဒပြပွဲကို သက်ဆိုင်ရာက ခွင့်ပြုချက်ရပြီးသားဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၇ မြို့နယ်က ဒေသခံတစ်ထောင်ကျော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ)၊ (စ) နဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ ပဲခူးမြစ်ကူးတံတားအနီးမှာ စနေနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။


kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment