Pages

Sunday, March 2, 2014

အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

RangonNewsDaily: March . 2 .2014
ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေး
ဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ မူယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ဇော်ဇော်နိုင်နှင့်အဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မွန်းလွဲ ၃ နာရီ အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဖမ်းဆီးရေးအဖွဲ့သည် ကြိုတင်သတင်းအရ (၁၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ (၄၉)လမ်းနှင့် လမ်း (၅၀)ကြားတွင် စောင့်ဆိုင်းခဲ့ကြသည်။

ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် ဈေးရောင်းသူမအေးအေးရီ ရောက်ရှိလာသဖြင့် စစ်ဆေး
ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူမ၏ မိန်းမကိုင်သားရေအိတ်အတွင်းမှ အဖြူရောင်မှိုင်းခံစက္ကူဖြင့် ထုတ်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြားပေါင်း (၉၈၀၀)ပြားကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ မူးယစ်ဆေးပြားတစ်ပြားလျှင် ကာလပေါက်ဈေး ၅၀၀၀ ကျပ်ရှိသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြားများ၏ တန်ဖိုးမှာ သိန်း (၄၉၀) ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးထံမှ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု နှင့် ဧည့်စာရင်း စာရွက်မိတ္တူ တစ်စောင်တို့ကိုပါ သိမ်းဆည်းရမိ လိုက်သည်ဟု ဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သူ မအေးအေးရီအပေါ် အရေးယူပေးရန် ရဲအုပ် ဇော်ဇော်နိုင်က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ပုဇွန်တောင် ရဲစခန်းက မယ(ပ)၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူရန် အမှုစစ် ဒုရဲအုပ် မောင်မျိုးက ဆက်လက်စစ်ဆေးလျက်ရှိသည်။

Myawady News ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment