Pages

Wednesday, November 27, 2013

ဇာတ်ကားတစ်ကားကို Home Theatre နဲ့ ကြည့်ရတာနဲ့ ရုံမှာ ကြည့်ရတဲ့ ကွာခြားမှုအကြောင်းပြောတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်

Photo: ဇာတ်ကားတစ်ကားကို Home Theatre နဲ့ ကြည့်ရတာနဲ့ ရုံမှာ ကြည့်ရတဲ့ ကွာခြားမှုအကြောင်းပြောတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်
Tuesday, November 26, 2013 

အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နေအိမ်မှာ Home Theatre တွေ တပ်ဆင်ပြီး မိသားစုတွေ အပန်းဖြေကြည့်ရှု လာကြတာကို လည်း တွေ့ လာရပါတယ်။ ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ နေအိမ်မှာလည်း သားဖြစ် သူအတွက် Home Theatre ကို ဝယ်ယူ ထားပါတယ်။ အခုလိုမျိုး Home Theatre တွေ တပ်ဆင်ပြီးကြည့်တဲ့အခါမှာ ခံစားမှု အသစ်ရရှိလာပြီး တစ်ဖက်မှာ ကောင်းသလို တစ်ဖက်မှာလည်း ဆုံးရှုံးမှု တွေတော့ရှိတဲ့အကြောင်းကို ဒါရိုက်တာစင်ရော်မောင်မောင် က “ရုပ်ရှင်လောကအတွက် နည်း ပညာတိုးတက်မှုက တစ်ခုတော့ ကောင်း တယ်။ တစ်ခုကတော့ မကောင်းဘူး။ ကောင်းတာကတော့ ကျွန်တော်တို့ အိမ်မှာ Home Theatre ဆင်ထားတယ်။ အသံစနစ် လည်း ပိုကောင်း တယ်။ အိမ်မှာ ကြည့်လိုက်ရင် ကိုယ်တိုင်ပဲ ဇာတ်ကားထဲ ရောက်သွားသလို ခံစားရတယ်။

အာကာသအခွေကြည့်ရင် အာကာသထဲကို ရောက်သွားသလိုမျိုးခံစားရ တယ်။ ပန်းကြာဝတ်မှုန် ဇာတ်ကားဆိုရင်လည်း တောတွေ၊ တွေတောင်တွေ ထဲကို ရောက် သွားသ လိုမျိုး ခံစားရတယ်။ ရုပ်အရည်အသွေးဆိုလည်းအရင် တုန်းက ပြခဲ့တဲ့ ရုပ်တွေနဲ့မတူဘဲနဲ့ 3D ရုပ်လုံးကြွမှုတွေ ကိုမြင်ရတယ်။ ရုံထဲမှာပဲ ကြည့်ကြည့်၊ Home Theatre မှာ ပဲ ကြည့်ကြည့် ကြည့်ရှုရတဲ့ လူတွေရဲ့စိတ်မှာ ခံစားမှုအပြည့်အဝ ရတယ်။ ရယ်စရာ၊ ငိုစရာ၊ လွမ်းစရာ အကုန်ရတယ်။ ဒါပေမဲ့ နည်း ပညာကို စောင့်နေရတဲ့ ကာလအ တွက် ရုံတွေ ပေါ်ထွန်းရေး၊ ရုံတွေ သန့်ရှင်းရေး၊ စက်တွေ ရရှိရေးအတွက် ကျွန်တော်တို့ အချိန်အကြာ ကြီး စောင့်ရတယ်။ ဒါပေမဲ့ အပြောင်းအလဲဆို တာက တစ်နိုင်ငံလုံး ပြောင်းလဲလာတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ဆီမှာ လည်း ပြောင်းလဲရမယ်။ ရုံတွေကိုလည်း အနည်းဆုံး နှစ်ရာ၊ သုံးရာလောက် အထိဖြစ်သင့်တယ်။ တအားကြီး ရုံကြီးဖို့လည်း မလိုဘူး။ လူဦးရေ တစ်ရာ၊ နှစ်ရာဆံ့လည်း ရတယ်။ ခံစားမှု အားကောင်းရင် ပွဲချိန်တွေလည်း အများကြီးပြသလို့ရတယ်။ အဲဒီလိုမျိုး ပြောင်းလဲဖို့အတွက်အခက် အခဲတွေတော့ ရှိမှာပဲ။ ဓား တောင်ကိုကျော်ဖို့အတွက် မီးပင်လယ် ကိုတော့ ဖြတ်ရမှာပေါ့။ မဖြတ်ဘဲ ဒီတိုင်းထိုင်နေရင်တော့ တိုးတက်မှု က အောက်မှာ ကျန်ခဲ့မှာပဲ။ အားလုံးကတော့ ညှိနှိုင်းဆုံးဖြတ်ကြရမှာပဲ” လို့ ပြော ပါတယ်။

ဆက်လက်ပြီး ဇာတ်ကားတစ်ကားကို Home Theatre နဲ့ ကြည့် ရတာနဲ့ ရုပ်ရှင်ရုံမှာသွားပြီး ကြည့်ရ တဲ့ ခံစားချက်ကိုလည်း ဒါရိုက်တာ စင်ရော်မောင်မောင်က “တစ် ခုတော့ရှိတာပေါ့။ ဒါတွေ က ဂြိုဟ်တုကနေပြီး ထိန်းချုပ်လို့ရတယ်။ ရုပ်ရှင်ရုံတွေမှာ ပြပြီးမှ Home Theatre တွေမှာ ကြည့်လို့ရတော့လည်း နောက်ထပ်ဝင်ငွေ တစ်မျိုး တိုးတာပေါ့။ ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့အခါမှာတော့ အရင်ဆုံး ဖုန်းရဲ့အသံတိုးထားရတယ်။ လွတ်လပ်မှု မရှိဘူး။ Home Theatre မှာတော့ ထမင်းစားရင်းနဲ့လည်း ကြည့် လို့ရတယ်။ ဖုန်းပြောရင်းနဲ့ လည်း ကြည့်လို့ရတယ်။ အိမ်ကနေ ဘယ်မှ သွားစရာမလိုဘဲ မိသားစု စုံစုံလင်လင်နဲ့ ကြည့်လို့ရတယ်။ တစ်နေရာမှာ ဆုံးရှုံးမှုရှိ သလို တစ်နေ ရာမှာ ကောင်းဖို့တော့ ရှိတာပေါ့။ အခုလိုမျိုး ရန်ကုန် မှာ လမ်းကြောပိတ်တဲ့အချိန် ကိုယ်က အိမ်မှာ ဇိမ်နဲ့ ကြည့်လိုရတယ်။ Mood တော့ မတူဘူး။ ကျွန်တော်ကတော့ နည်းပညာတိုး တက် လာတဲ့ အပေါ်မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အဲဒီအပေါ်မှာ လည်း အပြည့် အဝအသုံးချနေပါတယ်။ ထပ်တိုးလာရင်လည်း ပိုက်ဆံဘယ်လောက်ကုန် ကုန် ကျွန်တော်ကတော့အမီလိုက်မှာပဲ” လို့ဆိုပါတယ်။

Popular Journal

RangonNewsDaily:: November . 27 .2013
အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နေအိမ်မှာ Home Theatre တွေ တပ်ဆင်ပြီး မိသားစုတွေ အပန်းဖြေကြည့်ရှု လာကြတာကို လည်း တွေ့ လာရပါတယ်။ ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ နေအိမ်မှာလည်း သားဖြစ် သူအတွက် Home Theatre ကို ဝယ်ယူ ထားပါတယ်။ အခုလိုမျိုး Home Theatre တွေ တပ်ဆင်ပြီးကြည့်တဲ့အခါမှာ ခံစားမှု အသစ်ရရှိလာပြီး တစ်ဖက်မှာ ကောင်းသလို တစ်ဖက်မှာလည်း ဆုံးရှုံးမှု တွေတော့ရှိတဲ့အကြောင်းကို ဒါရိုက်တာစင်ရော်မောင်မောင် က “ရုပ်ရှင်လောကအတွက် နည်း ပညာတိုးတက်မှုက တစ်ခုတော့ ကောင်း တယ်။ 
 
တစ်ခုကတော့ မကောင်းဘူး။ ကောင်းတာကတော့ ကျွန်တော်တို့ အိမ်မှာ Home Theatre ဆင်ထားတယ်။ အသံစနစ် လည်း ပိုကောင်း တယ်။ အိမ်မှာ ကြည့်လိုက်ရင် ကိုယ်တိုင်ပဲ ဇာတ်ကားထဲ ရောက်သွားသလို ခံစားရတယ်။

အာကာသအခွေကြည့်ရင် အာကာသထဲကို ရောက်သွားသလိုမျိုးခံစားရ တယ်။ ပန်းကြာဝတ်မှုန် ဇာတ်ကားဆိုရင်လည်း တောတွေ၊ တွေတောင်တွေ ထဲကို ရောက် သွားသ လိုမျိုး ခံစားရတယ်။ ရုပ်အရည်အသွေးဆိုလည်းအရင် တုန်းက ပြခဲ့တဲ့ ရုပ်တွေနဲ့မတူဘဲနဲ့ 3D ရုပ်လုံးကြွမှုတွေ ကိုမြင်ရတယ်။ ရုံထဲမှာပဲ ကြည့်ကြည့်၊ Home Theatre မှာ ပဲ ကြည့်ကြည့် ကြည့်ရှုရတဲ့ လူတွေရဲ့စိတ်မှာ ခံစားမှုအပြည့်အဝ ရတယ်။ ရယ်စရာ၊ ငိုစရာ၊ လွမ်းစရာ အကုန်ရတယ်။ 
 
ဒါပေမဲ့ နည်း ပညာကို စောင့်နေရတဲ့ ကာလအ တွက် ရုံတွေ ပေါ်ထွန်းရေး၊ ရုံတွေ သန့်ရှင်းရေး၊ စက်တွေ ရရှိရေးအတွက် ကျွန်တော်တို့ အချိန်အကြာ ကြီး စောင့်ရတယ်။ ဒါပေမဲ့ အပြောင်းအလဲဆို တာက တစ်နိုင်ငံလုံး ပြောင်းလဲလာတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ဆီမှာ လည်း ပြောင်းလဲရမယ်။ ရုံတွေကိုလည်း အနည်းဆုံး နှစ်ရာ၊ သုံးရာလောက် အထိဖြစ်သင့်တယ်။ 
 
တအားကြီး ရုံကြီးဖို့လည်း မလိုဘူး။ လူဦးရေ တစ်ရာ၊ နှစ်ရာဆံ့လည်း ရတယ်။ ခံစားမှု အားကောင်းရင် ပွဲချိန်တွေလည်း အများကြီးပြသလို့ရတယ်။ အဲဒီလိုမျိုး ပြောင်းလဲဖို့အတွက်အခက် အခဲတွေတော့ ရှိမှာပဲ။ ဓား တောင်ကိုကျော်ဖို့အတွက် မီးပင်လယ် ကိုတော့ ဖြတ်ရမှာပေါ့။ မဖြတ်ဘဲ ဒီတိုင်းထိုင်နေရင်တော့ တိုးတက်မှု က အောက်မှာ ကျန်ခဲ့မှာပဲ။ အားလုံးကတော့ ညှိနှိုင်းဆုံးဖြတ်ကြရမှာပဲ” လို့ ပြော ပါတယ်။

ဆက်လက်ပြီး ဇာတ်ကားတစ်ကားကို Home Theatre နဲ့ ကြည့် ရတာနဲ့ ရုပ်ရှင်ရုံမှာသွားပြီး ကြည့်ရ တဲ့ ခံစားချက်ကိုလည်း ဒါရိုက်တာ စင်ရော်မောင်မောင်က “တစ် ခုတော့ရှိတာပေါ့။ ဒါတွေ က ဂြိုဟ်တုကနေပြီး ထိန်းချုပ်လို့ရတယ်။ 
 
ရုပ်ရှင်ရုံတွေမှာ ပြပြီးမှ Home Theatre တွေမှာ ကြည့်လို့ရတော့လည်း နောက်ထပ်ဝင်ငွေ တစ်မျိုး တိုးတာပေါ့။ ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့အခါမှာတော့ အရင်ဆုံး ဖုန်းရဲ့အသံတိုးထားရတယ်။ လွတ်လပ်မှု မရှိဘူး။ Home Theatre မှာတော့ ထမင်းစားရင်းနဲ့လည်း ကြည့် လို့ရတယ်။ ဖုန်းပြောရင်းနဲ့ လည်း ကြည့်လို့ရတယ်။ အိမ်ကနေ ဘယ်မှ သွားစရာမလိုဘဲ မိသားစု စုံစုံလင်လင်နဲ့ ကြည့်လို့ရတယ်။ တစ်နေရာမှာ ဆုံးရှုံးမှုရှိ သလို တစ်နေ ရာမှာ ကောင်းဖို့တော့ ရှိတာပေါ့။ 
 
အခုလိုမျိုး ရန်ကုန် မှာ လမ်းကြောပိတ်တဲ့အချိန် ကိုယ်က အိမ်မှာ ဇိမ်နဲ့ ကြည့်လိုရတယ်။ Mood တော့ မတူဘူး။ ကျွန်တော်ကတော့ နည်းပညာတိုး တက် လာတဲ့ အပေါ်မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အဲဒီအပေါ်မှာ လည်း အပြည့် အဝအသုံးချနေပါတယ်။ ထပ်တိုးလာရင်လည်း ပိုက်ဆံဘယ်လောက်ကုန် ကုန် ကျွန်တော်ကတော့အမီလိုက်မှာပဲ” လို့ဆိုပါတယ်။

Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment