Pages

Wednesday, November 27, 2013

နေပြည်တော်ကောင်စီတွင် GSM/UMTS မိုဘိုင်းလ်ရေဒီယိုစခန်းများ လိုင်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအသိပေးကြေညာ

RangonNewsDaily:: November . 27 .2013
နေပြည်တော်ကောင်စီအတွင်း လုပ်ငန်းစီမံ ကိန်းများအနက် လက်ရှိဆောင်ရွက်လျက်ရှိသော GSM/UMTS တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်း အရ နေပြည်တော်တွင် တပ်ဆင်ထားသော ရေဒီယိုစခန်းများအနက် ရေဒီယိုစခန်း ၅ဝ ကို ၂၇.၁၁.၂ဝ၁၃ ရက်မှ ၆.၁၂.၂ဝ၁၃ ရက် အထိ စက်ပစ္စည်းများလဲလှယ်တပ်ဆင်ခြင်း၊

စက်ချိန်ညှိခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်းတို့ ကို မိဘပြည်သူများ တယ်လီဖုန်းသုံးစွဲမှု နည်းပါးချိန်ဖြစ်သော နံနက် ၅ နာရီခွဲမှ ၉ နာရီခွဲအတွင်း အောက်ဖော်ပြပါ ရေဒီယိုစခန်း များတွင် ပြုလုပ်မည်ဖြစ်ပါ၍ ဆောင်ရွက်စဉ် ကာလအတွင်း ယာယီဆက်သွယ်မှု ပြတ် တောက်ခြင်းနှင့် ခေါ်ဆိုရခက်ခဲခြင်းများဖြစ် ပေါ်နိုင်ကြောင်း ကြိုတင်အသိပေး တင်ပြအပ် ပါသည်။

၂၇.၁ဝ.၂ဝ၁၃ ရက်တွင် ဥတ္တရသီရိ မြို့နယ်။
၃ဝ.၁၁.၂ဝ၁၃ ရက်တွင် ဥတ္တရသီရိမြို့ နယ်နှင့် ဒက္ခိဏသီရိမြို့နယ်။
၃.၁၂.၂ဝ၁၃ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်။
၎.၁၂.၂ဝ၁၃ ရက်တွင် ဥတ္တရသီရိမြို့ နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်။
၅.၁၂.၂ဝ၁၃ ရက်တွင် ဇေယျာသီရိ မြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်။
၆.၁၂.၂ဝ၁၃ ရက်တွင် ဇေယျာသီရိ မြို့နယ်နှင့် တပ်ကုန်းမြို့နယ်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment