Pages

Wednesday, November 27, 2013

ဆီးဂိမ်းတွင် ပါဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မြင်း ကျန်းမာရေးချို့ယွင်း

Photo: ဆီးဂိမ်းတွင် ပါဝင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မြင်း 
ကျန်းမာရေးချို့ယွင်း
Wednesday, November 27, 2013

အိပ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် 
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီအား
ကစားနည်း တွင်ဝင်ရောက်ယှဉ်ပြိုင်စေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်မှဒေါ်အောင်ဆန်းစုကြည်၏
မြန်မာအလှအမည်ရှိ မြင်းသည် ကျန်းမာရေးချို့ယွင်း
မှုဖြစ်နေကြောင်း မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာအလှမြင်းကျန်းမာရေးချို့ယွင်းမှု သည်အဆိုပါမြင်း၏
ယခင်ကရရှိခဲ့သောဒဏ်ရာကြောင့်သာဖြစ်ပြီး ယခုတစ်ကြိမ်
ဖြစ်နေမှုသည် ဒဏ်ရာအဟောင်းကြောင့်သာဖြစ်ကြောင်း 
မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ တာဝန်ရှိသူ မခင်နှင်းပွင့်ပြုံးက
ပြောသည်။

“ခြေထောက်နားမှာ အရင်တုန်းကဖြစ်ခဲ့တဲ့ဒဏ်ရာဟောင်းက တစ်ချက်တစ်ချက်ပြန်ပြီးတော့ နာနေတဲ့ပုံစံမျိုးပါ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမျိုးမရှိပါဘူး” ဟု မခင်နှင်းပွင့်ပြုံးကဆိုသည်။
ယင်းကဲ့သို့ မြန်မာအလှသည် ခြေထောက်နာကျင်မှုဝေဒနာအား
ခံစားနေရသော်လည်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီးအားကစား အလှစီး၌ အသုံးပြုသွားရန်ရှိကြောင်း သိရသည်။

“မြင်းတွေဒဏ်ရာရတဲ့အခါမှာ ကျွန်မတို့ ဆီမှာ မြင်းဆေးခန်းတွေ
ဖွင့်ထားတယ်၊ မြင်းတွေကို နိုင်ငံခြားကဆေးနဲ့ ကုပေးတာလည်း
ရှိတယ်။ မြန်မာနည်းမြန်မာဟန်နဲ့ ဆေးကုပေးတာလည်းရှိတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကထပ် လောင်းပြောဆိုသည်။

အလှစီး မြင်းစီးပြိုင်ပွဲ၌ဝင်ယောက်ယှဉ်ပြိုင်စေရန်အတွက်
နိုင်ငံခြားမြင်းနှင့် မြန်မာမြင်း လက်ရွှေးစဉ် ၂၈ ကောင်အား 
လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ယင်း ၂၈ ကောင်ထဲတွင် 
မြန်မာ့အလှအမည်ရှိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ 
ဒေါ်အောင်ဆန်းစုကြည်မြင်းသည်လူများနှင့် ယဉ်ပါးမှုရှိကြောင်း မြင်းထိမ်းများထံမှ သိရသည်။
“သူရဲ့မြင်းကအားလုံးနဲ့ ယှဉ်လိုက်ရင် တော်တော်လေးလဲ ကြည့်လို့ ကောင်းတယ်၊ လူတွေနဲ့ လည်း တော်တော်လေး 
ယဉ်ပါးတယ် သူရဲ့မြင်း က တော်တော်လေးလဲ အဆင်ပြေတယ်လို့ မြင်းထိမ်းကလည်း ပြောတယ်” ဟုမခင်နှင်းပွင့်ပြုံးကပြောကြားသည်။

(၂၇) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲ 
မြင်းစီးပြိုင်ပွဲအား ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ 
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ မြင်းစီးအားကစားကွင်း
ယှဉ်ပြိုင်သွားရန်ရှိသည်။

နှင်းနွယ်
The Myanma Age

RangonNewsDaily:: November . 27 .2013
အိပ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီအား ကစား
နည်း တွင်ဝင်ရောက်ယှဉ်ပြိုင်စေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်မှဒေါ်အောင်ဆန်းစုကြည်၏မြန်မာအလှ
အမည်ရှိ မြင်းသည် ကျန်းမာရေးချို့ယွင်းမှုဖြစ်နေကြောင်း မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ သိရသည်။ မြန်မာအလှမြင်းကျန်းမာရေးချို့ယွင်းမှု သည်အဆိုပါမြင်း၏ယခင်ကရရှိခဲ့သောဒဏ်ရာကြောင့်သာဖြစ်ပြီး
ယခုတစ်ကြိမ်ဖြစ်နေမှုသည် ဒဏ်ရာအဟောင်းကြောင့်သာဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ တာ
န်ရှိသူ မခင်နှင်းပွင့်ပြုံးကပြောသည်။

“ခြေထောက်နားမှာ အရင်တုန်းကဖြစ်ခဲ့တဲ့ဒဏ်ရာဟောင်းက တစ်ချက်တစ်ချက်ပြန်ပြီးတော့ နာနေတဲ့ပုံစံမျိုး
ပါ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမျိုးမရှိပါဘူး” ဟု မခင်နှင်းပွင့်ပြုံးကဆိုသည်။ယင်းကဲ့သို့ မြန်မာအလှသည်
 ခြေထောက်နာကျင်မှုဝေဒနာအားခံစားနေရသော်လည်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား
ပြိုင်ပွဲ မြင်းစီးအားကစား အလှစီး၌ အသုံးပြုသွားရန်ရှိကြောင်း သိရသည်။

“မြင်းတွေဒဏ်ရာရတဲ့အခါမှာ ကျွန်မတို့ ဆီမှာ မြင်းဆေးခန်းတွေဖွင့်ထားတယ်၊ မြင်းတွေကို နိုင်ငံခြားက
ဆေးနဲ့ကုပေးတာလည်းရှိတယ်။ မြန်မာနည်းမြန်မာဟန်နဲ့ ဆေးကုပေးတာလည်းရှိတယ်”ဟုအထက်ပါပုဂ္ဂိုလ်
ကထပ် လောင်းပြောဆိုသည်။

အလှစီး မြင်းစီးပြိုင်ပွဲ၌ဝင်ယောက်ယှဉ်ပြိုင်စေရန်အတွက်နိုင်ငံခြားမြင်းနှင့် မြန်မာမြင်း လက်ရွှေးစဉ် ၂၈
 ကောင်အား လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ယင်း ၂၈ ကောင်ထဲတွင်မြန်မာ့အလှအမည်ရှိ အမျိုးသားဒီမို
က ရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်မြင်းသည်လူများနှင့် ယဉ်ပါးမှုရှိကြောင်း မြင်းထိမ်းများထံမှ သိရ
သည်။

“သူရဲ့မြင်းကအားလုံးနဲ ယှဉ်လိုက်ရင် တော်တော်လေးလဲ ကြည့်လို့ ကောင်းတယ်၊လူတွေနဲ့ လည်း တော်
တော်လေး ယဉ်ပါးတယ် သူရဲ့မြင်း က တော်တော်လေးလဲ အဆင်ပြေတယ်လို့ မြင်းထိမ်းကလည်း ပြော
တယ်” ဟုမခင်နှင်းပွင့်ပြုံးကပြောကြားသည်။

(၂၇) ကြိမ်မြောက် အရှေတောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီးပြိုင်ပွဲအား ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ မြင်းစီးအားကစားကွင်းယှဉ်ပြိုင်သွားရန်ရှိသည်။

နှင်းနွယ်
Myanma Age ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment