Pages

Wednesday, November 27, 2013

နိုင်ငံတော် လုံခြုံရေးအတွက် သင်တန်းသားစုံထောက်များ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ စေလွှတ်ထား

RangonNewsDaily:: November . 27 .2013
နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီး သောသတင်းအချက်အလက် များသိရှိစေရန် သင်တန်းသား စုံထောက်အများအပြားကို တိုင်း နှင့်ပြည်နယ်အသီးသီးရှိအရေး ကြီးသော နေရာများသို့စေလွှတ် ထားကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ရဲချုပ်ဇော်ဝင်းကရန်ကုန် တိုင်းမ်နေ့စဉ်သို့ပြောသည်။ နိုဝင်ဘာ ၂၅ ရက်က နေ ပြည်တော်ရှိ MICC တွင် ဆူဇူ ကီးကုမ္ပဏီမှပြုလုပ်သည့် မြန်မာ အစိုးရသို့ ဆူဇူကီးရဲတပ်ဖွဲ့သုံး ဆိုင်ကယ်များ ပေးအပ်သည့်အ ခမ်းအနား တွင် ရန်ကုန်တိုင်းနေ့ စဉ်၏ သီးသန့်တွေ့ဆုံမေးမြန်းမှု ကို ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ် သည်။

ရဲချုပ်ဇော်ဝင်းက ''ဒီစုံ ထောက်တွေက သင်တန်းသား စုံထောက်တွေဖြစ်ပါတယ်။ အ ရာရှိတွေပါပဲ။ သူတို့ကဆီးဂိမ်း လုံခြုံရေးအတွက်လဲ လုပ်ဆောင် သွားမှာဖြစ်သလို နိုင်ငံနဲ့ပတ် သက်တဲ့ အရေးကြီးသတင်းတွေ ကိုလိုက်ဖို့ လက်တွေ့နယ်ပယ် ထဲကိုထည့် ထားပါပြီ။ သင်တန်း လဲတက်ရင်း လက်တွေ့လဲလုပ် ဆောင်ရင်းပေါ့''ဟု ပြောသည်။

ယခုအခါ မြန်မာနိုင်ငံရဲတပ် ဖွဲ့အနေဖြင့် လုံခြုံရေးကို တခြား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် လူအင်အားနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိရိယာများကို တပ် ဆင်ထားပြီးဖြစ်ကြောင်း၊ ပြည်သူ တစ်ရပ်လုံး အနေဖြင့် နိုင်ငံတော် လုံခြုံရေးအတွက် ဆောင်ရွက်ရာ တွင် ပူးပေါင်းပါဝင်ကာ ဆောင် ရွက်သင့်ကြောင်း ရဲချုပ်ကဆက် လက်ပြောသည်။

ယင်းနှင့်ပတ်သက်၍ အရှေ့ ပိုင်းခရိုင်မှ ဒုရဲမှူးကြီးမြင့်အေး က ''စုံထောက်ဆိုတဲ့အဓိပ္ပာယ် က စုံစမ်း ခြင်းနဲ့ ထောက်လှမ်းခြင်း ကို အဓိကပြောတာဖြစ်ပေမယ့် ရှင်းပြရရင် အလွန်ကျယ်ဝန်းတယ်။ 

အခုမြန်မာနိုင်ငံမှာ ထောက်လှမ်း ရေးနဲ့ စုံထောက်တွေဆိုတာအ ရေးကြီးတဲ့ နေရာဒေသအသီးသီး မှာရှိပါတယ်။ တချို့ဆိုဘုန်းကြီး၊ ကျောင်းသား၊ ဝန်ထမ်း စသဖြင့် အသွင်ယူပြီး ထောက်လှမ်းကြတာ တွေရှိတယ်။ အမျိုးမျိုးပေါ့''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ တရား လွှတ်တော်ရှေ့နေတစ်ဦးက ''ဒီလို မျိုးထောက်လှမ်းရေးတွေနဲ့ စောင့် ကြည့်တာ အရင်အစိုးရခေတ် ကလဲရှိတယ်။ ဒါပေမဲ့ အခုလို ထောက်လှမ်းရေးသင်တန်းပေး ပြီး စာတွေ့လက်တွေ့သင်ကြား နေတယ်ဆိုတော့ နိုင်ငံ တော် လုံ ခြုံရေးအတွက် အလွန်အရေးကြီး တဲ့အချိန်ဖြစ်လို့နေမှာပါ''ဟု ပြော သည်။


 နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့်လည်း သက်ဆိုင်ရာတာ ဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်ရန်တိုက်တွန်း သည် ဟု ရဲချုပ် ဇော်ဝင်းက ပြောကြားခဲ့သည်။

Yangon Times  ., kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment