RangonNewsDaily:: November . 27 .2013
ဘန်ကောက်မြို့ ဆန္ဒပြပွဲများကြောင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ၄င်းတို့၏ နိုင်ငံသားများအား ထိုင်းနိုင်ငံသို့် ခရီး
ဘန်ကောက်မြို့ ဆန္ဒပြပွဲများကြောင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ၄င်းတို့၏ နိုင်ငံသားများအား ထိုင်းနိုင်ငံသို့် ခရီး
သွားရာတွင် သတိထားရမည့် အထူးခရီးသွားလမ်းညွန်များ ထုတ်ပြန်သတိပေးထားကြောင်းသိရသည်။ဆန္ဒပြခေါင်းဆောင်များကမူ၎င်းတို့ဆန္ဒပြမှုသည်ခရီးသွားလုပ်ငန်းကိုမထိခိုက်စေကြောင်း ငြင်းဆိုကြသည်
။ နိုင်ငံခြားရေး ၀န်ကြီးဌာနက
တိုင်းနိုင်ငံတွှု သံရုံးထားရှိသော နိုင်ငံပေါင်း ၆၈နိုင်ငံအနက် အမေရိကန် ၊
ဗြိ
တိန် ၊ ပြင်သစ် ၊ဂျပန် ၊တရုတ် ၊ ထိုင်ဝမ် ၊ တောင်ကိုရီးယား နှင့်
စင်္ကာပူအပါအ၀င် ၂၃နိုင်ငံက ဘန်ကော
က်မြို့ ဆန္ဒပြမှုများကြောင့် ၄င်းတို့
နိုင်ငံသားများအတွက် ခရီးသွားအကြံပေးမှုများ ထုတ်ပြန်ထားကြောင်း ဆို
သည် ။
အယုဒ္ဒယနှင့်ဘန်ကောက်မြို့များတွင်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြင်းထန်လာပြီးဆန္ဒပြသူများကထိုင်းနိုင်
ငံအခွန်ဝန်ကြီးဌာနနဲ့
နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် ၀န်ကြီးဌာန ၅ ခုကို ၀င်ရောက်နေရာယူ
သိမ်းပိုက်
ခဲ့သဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်က
ဘန်ကောက်ခရိုင်အပါအ၀င် ခရိုင်၎ခုမှာ ပြည်တွင်းလုံခြုံရေး
ဥပဒေကို တနင်္လာနေ့က
တိုးချဲ့ ပြဋ္ဌာန်းလိုက်ကြောင်း ၊သို့ရာတွင် ဆန္ဒပြသူများကို
အကြမ်းဖက်အင်
အားသုံးပြီး နှိမ်နင်းမည် မဟုတ်ဟု ဆိုထားသည် ။
ယခု
ဆန္ဒပြပွဲများကြောင့် ထိုင်းခရီးသွားလုပ်ငန်းသည် ထိုင်းဘတ်ငွေ ၂၅ ဘီလျံ
နစ်နာနိုင်ကြောင်း ထိုင်းခရီး
သွားလုပ်ငန်းအာဏာပိုင်( TAT) က
ခန့်မှန်းထားသည်
Popular Myanmar , kolatt(PBDN)
RangonNewsDaily
Popular Myanmar , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment