Pages

Wednesday, November 27, 2013

" ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့၍ အရေးယူခံရ သူနှစ်ဦး နိုင်ငံတော်အဆင့်အထိ အယူခံဝင်မည် "

Photo: " ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့၍ အရေးယူခံရ သူနှစ်ဦး နိုင်ငံတော်အဆင့်အထိ အယူခံဝင်မည် " 
Tuesday, November 26, 2013

ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့်အရေးယူခံထားရသည့် ကိုကျော်ဂွန်း နှင့် မမေစံပါယ်ဖြူတို့မှ ၎င်းတို့အပြစ်မရှိကြောင်း ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင်အအထိ အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးကပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ၂၀၁၂ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြရာတွင် ပါဝင်ခဲ့သည့် 

ကိုကျော်ဂွန်းနှင့် မမေစံပါယ်ဖြူတို့အပေါ် စမ်းချောင်းနှင့် ဒဂုံမြို့နယ်တရားရုံးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခဲ့ပြီးယင်းအမှုအတွက် ထောင်ဒဏ်တစ်လ 
(သို့)ငွေဒဏ် တစ်သောင်းချမှတ်ခဲ့သည်ဟု သိရသည်။

ထိုသို့အမိန့်ချမှတ်ရာတွင် ၎င်းတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ငွေဒဏ်ကိုသာရွေးချယ်စေခဲ့ပြီး ထိုသို့ဒဏ်ငွေကိုရွေးချယ်ခဲ့သော်လည်း 

မိမိတို့အနေနှင့် အပြစ်ရှိသည်ဟု မခံယူကြောင်း မစံပါယ်ဖြူက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ယင်းအတွက် အယူခံအဆင့်ဆင့်တင်ရန် စတင်ပြင်ဆင်နေပြီဟု သိရသည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် ကိုကျော်ဂွန်းနှင့် မမေစံပါယ်ဖြူတို့အား ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ စမ်းချောင်းနှင့် 
ဒဂုံမြို့နယ်မှတရားစွဲဆိုထားပြီး ယခုမြို့နယ်နှစ်ခုမှ အမိန့်အပြီးသတ်ချမှတ်ခဲ့သော်လည်း ကျန်လေးမြို့နယ်ရှိ ရုံးချိန်းများ ထပ်မံသွားရမည်ဖြစ်သည်။ ထို့အပြင် ၂၀၁၂ ခုနှစ်မှစ၍ ရုံးချိန်းပေါင်း ၁၃၀ ကျော်ခန့်သွားရောက်ခဲ့သည်ဟု သိရသည်။ 

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက " ဒဏ်ငွေကိုရွေးလိုက်တာကို ကျွန်မသဘောတူတယ်။ ထောင်းဏ်ကို ရွေးချယ်လိုက်ရင် အထဲကနေပြီးသူတို့လုပ်နိုင်တဲ့ အခွင့်အရေးတွေ အင်မတန်နည်းသွားမှာ ဖြစ်တယ် " ဟု ပြောသည်။

သုတလင်း၊ ဇေဝေယံ
Popular Myanmar News Journal

RangonNewsDaily:: November . 27 .2013
ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့်အရေးယူခံထားရသည့် ကိုကျော်ဂွန်း နှင့် မမေစံပါယ်ဖြူတို့မှ ၎င်းတို့အပြစ်မရှိကြောင်း ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်အဆင်အအထိ အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးကပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ၂၀၁၂ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြရာတွင် ပါဝင်ခဲ့သည့်

ကိုကျော်ဂွန်းနှင့် မမေစံပါယ်ဖြူတို့အပေါ် စမ်းချောင်းနှင့် ဒဂုံမြို့နယ်တရားရုံးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲခဲ့ပြီးယင်းအမှုအတွက် ထောင်ဒဏ်တစ်လ
(သို့)ငွေဒဏ် တစ်သောင်းချမှတ်ခဲ့သည်ဟု သိရသည်။

ထိုသို့အမိန့်ချမှတ်ရာတွင် ၎င်းတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ငွေဒဏ်ကိုသာရွေးချယ်စေခဲ့ပြီး ထိုသို့ဒဏ်ငွေကိုရွေးချယ်ခဲ့သော်လည်း

မိမိတို့အနေနှင့် အပြစ်ရှိသည်ဟု မခံယူကြောင်း မစံပါယ်ဖြူက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ယင်းအတွက် အယူခံအဆင့်ဆင့်တင်ရန် စတင်ပြင်ဆင်နေပြီဟု သိရသည်။

ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် ကိုကျော်ဂွန်းနှင့် မမေစံပါယ်ဖြူတို့အား ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ စမ်းချောင်းနှင့်
ဒဂုံမြို့နယ်မှတရားစွဲဆိုထားပြီး ယခုမြို့နယ်နှစ်ခုမှ အမိန့်အပြီးသတ်ချမှတ်ခဲ့သော်လည်း ကျန်လေးမြို့နယ်ရှိ ရုံးချိန်းများ ထပ်မံသွားရမည်ဖြစ်သည်။ ထို့အပြင် ၂၀၁၂ ခုနှစ်မှစ၍ ရုံးချိန်းပေါင်း ၁၃၀ ကျော်ခန့်သွားရောက်ခဲ့သည်ဟု သိရသည်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက " ဒဏ်ငွေကိုရွေးလိုက်တာကို ကျွန်မသဘောတူတယ်။ ထောင်းဏ်ကို ရွေးချယ်လိုက်ရင် အထဲကနေပြီးသူတို့လုပ်နိုင်တဲ့ အခွင့်အရေးတွေ အင်မတန်နည်းသွားမှာ ဖြစ်တယ် " ဟု ပြောသည်။

သုတလင်း၊ ဇေဝေယံ
Popular Myanmar, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment