Pages

Sunday, November 3, 2013

အိန္ဒိယ မုဇဖ္ဖာနာဂါ၌ မွတ်စလင်မ် ၄ ဦး အသတ်ခံရပြီးနောက် ဟိန္ဒူ-မွတ်စ်လင်မ် အဓိကရုဏ်းဖြစ်ပွား

Muslims-Killed-in-Muzaffarnagar-Riots

RangonNewsDaily:: November . 3 .2013
နယူးဒေလီ။     ။ အိန္ဒိယနိုင်ငံ၊ UP ဥတားပရာဒက်ရှ်ခရိုင်အနောက်ပိုင်းရှိ မုဇဖ္ဖာနာဂါ၌ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့က ဟိန္ဒူ-မွတ်စ်လင်မ် အဓိကရုဏ်းဖြစ်ပွားရာ လူ ၄၇ ဦး သေဆုံးခဲ့သည်။
ထိုအရပ်၌ လွန်ခဲ့သည့်လက လူလေးဦးအား အကြမ်းဖက်မှု သတ်ဖြတ်ပြီးနောက် ယင်းသို့ ဖြစ်ပွားလာခြင်းဟု ဆိုသည်။

“ ဗုဒ္ဓဟူးနေ့က အမှုဖြစ်ပွားချိန် ရဲတပ်ဖွဲ့က အချိန်မှီထိန်းသိမ်းပေမယ့်လည်း လက်ရဲဇက်ရဲလူတစ်ချို့ကြောင့် ပိုပြီးဆိုးရွားကုန်တယ်။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကို အရေးယူသွားမှာပါ ” ဟု ပြည်နယ်ရဲချုပ် ဒိဗ်ရာ့ဂ်ျ နာဂါမှ PTI  သတင်းဌာန၏သတင်းထောက်များထံ ပြောကြားသည်။

အိန္ဒိယ၏အဆင်းရဲဆုံးပြည်နယ် ဥတားပရာဒက်ရှ် ၏ မြောက်ပိုင်း မုဇဖ္ဖာနာဂါခရိုင် ဗုဒ္ဓနာအရပ်၌ မွတ်စ်လင်မ်လေးဦး အကြမ်းဖက်သတ်ဖြတ်ခံရပြီးနောက် အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ရာ လူ ၆၀ ကျော် သေဆုံးခဲ့ရသည်။

သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် ဟုစိုင်းန်ပူးရ်ရွာအနီး လင်မယားနှစ်ဦးသည် ဆရာဝန်ထံမှအပြန်လမ်းတွင် တိုက်ခိုက်ခံရရာ အမျိုးသမီးဖြစ်သူ သေဆုံးသွားသည်။

ယခုအခါ လူ ၈ ဦးအားဖမ်းဆီးထားပြီး ယမန်နေ့ညအကြမ်းဖက်မှု၌ ပါဝင်ပတ်သက်သူ ၁၅ ဦးအား စစ်ဆေးလျက်ရှိသည်။  ၄င်းဝန်းကျင်၌ ပြည်သူ့စစ်အဖွဲ့များကလည်း ကင်းလှည့်နေကြသည်။ ထိုဖြစ်ရပ်များကြောင့် ဒေသတွင်း လူ့အသိုင်းဝိုင်းများအကြား အခြေအနေတင်းမာနေ၏။

မုဇဖ္ဖာနာဂါတွင် လတ်တစ်လောဖြစ်ပွားသည့် ဟိန္ဒူ-မွတ်စ်လင်မ်အဓိကရုဏ်းတွင် လူ ၄၇ ဦးသေဆုံးခဲ့ပြီး လူပေါင်း လေးသောင်းခန့် အိုးအိမ်စွန့်ခဲ့ရသည်ဟု အာဏာပိုင်များက ဆိုသည်။

လူဦးရေ သန်း ၂၀၀ ရှိ ဥတားပရာဒက်ရှ်နယ်တွင် ၁၉၉၂ ခုနှစ်က ၁၆ ရာစု ရှေးဟောင်းဗလီဝတ်ကျောင်း တစ်လုံးအား မီးရှို့ရာမှ ပဋိပက္ခဖြစ်ပွားပြီး လူပေါင်း ၂၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ဖူးသည်။
“ ဒီလိုအကြမ်းဖက်မှုဖြစ်လာအောင် အချို့သူတွေ မီးမွှေးနေတာပါ။ အဲ့ဒီလူတွေကို ကျွန်တော် သတိပေးလိုက်ပါမယ်။ သူတို့အနေနဲ့ အစိုးရရဲ့အင်အားကို စိန်ခေါ်ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။

အလားတူလှုပ်ရှားမှုမျိုးတွေကို ဘယ်လိုချေမှုန်းရမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်လို့ သူတို့ကို ပြောလိုက်ချင်ပါတယ် ” ဟု ဥတားပရာဒက်ရှ်၏ စမဂ်ျဝဒီ ပါတီအကြီးအကဲ မူလာယမ်ဆင်း ယဒဗ်က NDTY သို့ ကြာသပတေးနေ့တွင် သတိပေးပြောကြားလိုက်သည်။

“ ဒီနိုင်ငံရဲ့ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး။ မုဇ္ဖဖာနာဂါအကြမ်းဖက်မှုမှာ တာဝန်ရှိသူအားလုံးကို ကြပ်ကြပ်မတ်မတ် အရေးယူသွားမယ် ” ဟုလည်း ၄င်းမှ မီဒီယာများထံပြောဆိုကြောင်း IBNS က ဖော်ပြသည်။

အိန္ဒိယသမိုင်း၌ ယင်းဒေသတွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများမှာ တစ်ကြိမ်တစ်ခါတည်း မဟုတ်ခဲ့ပေ။ ၁၉၄၇ ခုနှစ်ကလည်းကောင်း၊ ၁၉၉၂ ခုနှစ်ကလည်းကောင်း ဖြစ်ပွားခဲ့ဖူး၏။

ဥတားပရာဒက်ရှ်မှပြည်သူများသည် အေးချမ်းတည်ငြိမ်စွာနေထိုင်ရန် တိုက်တွန်းလိုက်ကြောင်း၊ ပြည်နယ်အစိုးရမှလည်း အတို့အထောင် လုပ်သူများကို ပြင်းထန်စွာ အရေးယူမည်ဟုမျှော်လင့်ကြောင်း၊ မိမိသည်လည်း စိတ်ထိခိုက်ရကြောင်း BJP ပါတီဥက္ကဌ ရဂ်ျနဆ်ဆင်းမှ ပြောကြားလိုက်သည်။


Ref: OnIslam , M-Media ,,,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment