Pages

Sunday, November 3, 2013

***************စင်္ကာပူရောက် မြန်မာများသို့ ****************

RangonNewsDaily:: November . 3 .2013
ညနေမှောင်ရီပျိုးစမှာ Peninsula Plaza ကနေ အိမ်ပြန်ဖို့ လမ်းဟိုဘက်ခြမ်းကိုကူးတယ်။ မီးပွိုင့်ဒေါင့်နားအရောက်မှာ စိတ်ပျက်စရာ၊ စိတ်မကောင်းစရာ မြင်ကွင်းတခုကို လှမ်းတွေ့လိုက်ရတယ်။::
တနင်္ဂနွေနေ့ ရောက်ပြီဆိုတာနဲ့ စင်္ကာပူမှာ ရှိကြတဲ့ မြန်မာအပေါင်းတို့ဟာ မြန်မာဆိုင်တွေစုဝေးရာ Peninsula Plaza နဲ့ အနီးတ၀ိုက်ကို သွားကြပြီး မိတ်ဆွေသင်္ဂဟတွေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံကြတတ်ပါတယ်။ Peninsula Plaza, Shopping Centre, 99, Funan Mall, Peninsula Plaza တဖက်ခြမ်းက Church ထဲမှာရော အများအပြား ထိုင်ကာတမျိုး၊ မတ်တပ်တသွယ်နဲ့ စုရုံးစုရုံးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။
::
ညနေကမြင်ခဲ့ရတဲ့ မြင်ကွင်းကတော့ ၀မ်းနည်းစရာ၊ ရှက်စရာကောင်းလှတဲ့ မြင်ကွင်းတစ်ခုပါ။ Church ရဲ့ မြက်ခင်းပြင်ထဲမှာ စာြး့ပီးသောက်ပြီးသား အမှိုက်တွေ၊ အအေးဘူးခွံတွေ၊ စက္ကူစုတ်တွေ၊ ကြွပ်ကြွပ်အိတ်တွေ ဟာ ပြန့်ကျဲနေတဲ့ အမှိုက်ပုံတခုလို ၀မ်းနည်းဖွယ်ရာ၊ ရှက်ဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။
::
ကျွန်တော်တို့ မြန်မာလူမျိုးဟာ ကိန်းနဲ့ ခန်းနဲ့ နေထိုင်လာခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။ တခြားနိုင်ငံတစ်ခုမှာ မိမိတို့လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် အပြုအမူအပြောအဆိုမျိုးကို မပြုလုပ်စေချင်ပါဘူး။ ရှက်ဖွယ်လိလိဖြစ်ပါတယ်။ တကယ်လို့ ထိုင်ပြုစားသောက်ပြီးသွားခဲ့ရင်လည်း မိမိတို့ရဲ့ ကျန်ရစ်တဲ့ အမှိုက်တွေကို အမှိုက်ပုံးထဲ စုထည့်တာမျိုးဖြစ်ဖြစ်၊ အမှိုက်ပုံး ပြည့်နေရင် အမှိုက်ပုံးနားမှာ စုထားပေးခဲ့တာမျိုးလေး ဖြစ်ဖြစ် ပြုလုပ်ပေးခဲ့စေချင်ပါတယ်။
::
ခုလိုလုပ်ရပ်တွေကို တတ်နိုင်သမျှ ရှောင်စေချင်ပါတယ်။ ယခင်က လုပ်ခဲ့ဖူးရင်လည်း နောင်မှာ ဆင်ခြင်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ Peninsula Plaza အနီးတ၀ိုက်ဟာ စင်္ကာပူရဲ့ မြို့လည်ခေါင်အရပ်ဖြစ်ပါတယ်။ City Hall ပတ်ဝန်းကျင်တ၀ိုက်ကို နေ့စဉ်နှင့်အမျှ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသား တော်တော်များများရှိပါတယ်။ ဒီကိစ္စဟာ သူတို့လည်း သေချာပေါက် မြင်တွေ့သွားနိုင်မယ့်ကိစ္စမျိုး ဖြစ်ပါတယ်။
::
နောက်တခုက အဲဒီ Church ၀င်းထဲမှာ အရက်၊ ဘီယာတွေထိုင်သောက်ကြပြီး ဘူးခွံတွေ ပစ်ထားခဲ့ကြတာကိုလည်း မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရဖူးပါတယ်။
::
မိမိတို့ရဲ့ ဘာသာတရား ရဲ့  အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦ အနီးမှာ
မသင့်လျှော်တဲ့ အရက်သေစာ သောက်စား မူးရစ်နေရင် ဘယ်လိုများ ခံစားရပါသလဲခင်ဗျာ။
::
ကျွန်တော်တို့ ခံစားရသလို သူတို့ကော မခံစားရနိုင်ဘူးလားလို့ တွေးကြည့်မိပါသလားခင်ဗျာ....။ မလုပ်စေချင်ပါဘူး။ တကယ်လို့ အေးအေးလူလူ သောက်ချင်တယ်ဆိုရင်လည်း အဲဒီ Church နောက်ဖက်လမ်း ဟိုဘက်ခြမ်းက ကွင်းထဲမှာ အေးအေးဆေးဆေး သွားသောက်လို့ ရပါတယ်။ သို့ပေမယ့် ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်မျိုးတော့ မဖြစ်စေချင်ပါဘူး။
::
မထိန်းနိုင်မသိမ်းနိုင် သောက်ချင်တယ်ဆိုရင်လည်း မိမိရဲ့ အိမ်မှာဖြစ်ဖြစ် ထိုင်သောက်စေချင်ပါတယ်။ မြန်မာပြည်မဟုတ်တာလေးတခုကို သတိပြုပေးပါခင်ဗျာ။
::
စင်္ကာပူရောက် ရွှေမြန်မာတွေ ရွှေအဖြစ်ကနေ ရွှံ့အဖြစ်ကို မရောက်စေဖို့ သတိချပ်စေချင်ပါတယ်။
::
အပြစ်ပြောတယ်လို့ မထင်စေချင်ပါဘူးခင်ဗျာ။ Request လုပ်တာပါ။ မြန်မာကို ဂုဏ်သိက္ခာရှိစေမယ့် ကိစ္စမျိုးကိုပဲ ပြုလုပ်စေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ အနှိမ်ခံဘ၀က လွတ်စေချင်တဲ့ ဆန္ဒနဲ့ ရေးတာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်......

(စင်္ကာပူမှာရှိတဲ့ သူငယ်ချင်းတွေရော တခြားသူတွေပါ ဒီပိုစ့်လေးကို ၀ိုင်း Share ပြီး မိမိအနီးအနား
တ၀ိုက် လက်ဆင့်ကမ်းပေးကြမယ်ဆိုရင်ဖြင့် ကျေးဇူးအထူးတင်ရှိမည် ဖြစ်ပါကြောင်း) 


Sann Maung Maung (FB) ::--kolatt(PBDN)
RangonNewsDaily


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment