Pages

Sunday, November 3, 2013

“ မုဟမ္မဒ် ” ဟု အမည်ထားသူများ ကမ္ဘာတစ်ဝှန်း အများဆုံးဖြစ်ဟု စပိန် ABC သတင်းစာမှဖော်ပြ

Mohammad

RangonNewsDaily:: November . 3 .2013
အစ္စလာမ့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်စေသား)၏ အမည်သည် ကမ္ဘာ့ရေပန်းအစားဆုံး အမည်နာမ တစ်ခုဖြစ်နေကြောင်း သတင်းသစ်တစ်ရပ်က ဆိုသည်။

စပိန်နိုင်ငံနေ့စဉ်ထုတ်သတင်းစာ ABC မှ “ မုဟမ္မဒ် ” ဟု အမည်ထားသူများ ကမ္ဘာတစ်ဝှန်းတွင် သန်း ၁၅၀ ရှိကြောင်း လတ်တစ်လော ဖော်ပြခဲ့သည်။

မွတ်စ်လင်မ်အများစုရှိသည့်အစ္စလာမ်နိုင်ငံများအပါအ၀င်အစ္စလာမ်မဟုတ်သော နိုင်ငံများတွင်လည်းမုဟမ္မဒ်
ဟူသော အမည်မှာ တရှိန်ထိုးများပြားလာပြီး ပြင်သစ်ပြည်အချို့ဒေသများ၌ပင် မွေးကင်းစ ကလေးငယ်များ
အတွက် ရေပန်းအစားဆုံး အမည်နာမ ဖြစ်နေကြောင်း၊

ထို့အပြင် စပိန်နှင့်ဗြိတိန်၌လည်း ရေပန်းအစားဆုံး အမည်စာရင်းတွင်ဆဌမမြောက်ဖြစ်နေကြောင်း သတင်း
စာက ဆိုသည်။

Milan’sChamber of Commerce မှ ပြုလုပ်သော လေ့လာမှုအရမုဟမ္မဒ်ဟူသည့်အမည်နာမသည် အီတလီနိုင်
ငံ၊ မီလန်မြို့ရှိ အငယ်စားလုပ်ငန်းရှင်များအကြား လူကြိုက်အများဆုံးဖြစ်နေကြောင်း စက်တင်ဘာ ၄ ရက်က ထုတ်ဝေဖော်ပြခဲ့သည်။

Source : Presstv , M-Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment