Pages

Sunday, November 3, 2013

**************ဘ၀အတွက် သိသင့်တာလေးတွေ******************

RangonNewsDaily:: November . 3 .2013

ပလေတိုကပြောတယ်....
တကယ်လို့ မပျော်ရွှင်၊ စိတ်မချမ်းသာရင်
လက်လွှတ်လိုက်ပါ၊ သူ့ကိုသွားခွင့်ပြုလိုက်ပါတဲ့
တကယ်လို့ လက်မလွှတ်ချင်၊ မစွန့်လွှတ်ချင်ရင်
သူ့ကို သည်းခံနားလည်လိုက်ပါတဲ့။ပလေတိုကပြောတယ်.....
ချစ်ပြီဆို လေးလေးနက်နက်ချစ်ပါ
စွန့်ပြီဆို လုံးလုံးလျားလျားစွန့်ပါ
ချစ်သလို မုန်းသလို မရေမရာ မပြတ်မသားမလုပ်ပါနဲ့
ဒါဟာ သူ့ကို ထိခိုက်နာကျင်စေသလို ကိုယ့်ကိုယ်လည်း ထိခိုက်နာကျင်စေပါသတဲ့။
::
ပလေတိုကပြောတယ်....
လူ့ဘဝမှာ အကြေကွဲဆုံးက
လက်မလွှတ်သင့်တာကို အလွယ်တကူလက်လွှတ်လိုက်ပြီး
လက်လွှတ်သင့်တာကို ဇွဲရှိရှိနဲ့တောင့်ခံထားတာပဲဖြစ်တယ်တဲ့။
::
ပလေတိုကပြောတယ်...
ဆုံးရှုံးမှုတချို့က ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်စီရင်ချက်ချပြီးသား
တချို့ရှေးရေစက်က ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး
လူတစ်ယောက်ကိုချစ်တိုင်း ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ရတယ်
တကယ်လို့ လူတစ်ယောက်ကို ပိုင်ဆိုင်ပြီးရင်တော့ သူ့ကို ကောင်းကောင်းတန်ဖိုးထားမြတ်နိုးပါတဲ့။

 နိုင်းနိုင်းစနေ  ::-- kolatt(PBDN)
RangonNewsDaily



See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment