Pages

Sunday, November 3, 2013

ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်

Photo: ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်
Saturday, October 2, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆီးဂိမ်းစ်တွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေအားကစားနည်းဖြင့် လက်ခံကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပစဉ် ခုနစ်ရက်တာ ကာလအတွင်း လုံခြုံရေးအတွက် အထူးကြပ်မတ်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးကြီး ထွန်းမင်းက ဆိုသည်။

''အဓိကတော့ ရဲတပ်ရင်း၊ တိုင်းရဲတပ်ဖွဲ့တွေရယ် ပြီးတော့ စီအိုင်ဒီတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးကို လုပ်ဆောင်မှာ ဖြစ်တယ်။ အင်အားအနေနဲ့ ကတော့ တပ်ဖွဲ့ဝင် ၄၀၀ ကျော် ၅၀၀ နီးပါးလောက်ရှိမယ်'' ဟု ဒုတိယရဲမှူးကြီး ထွန်းမင်းက ဆိုသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလမှာ နီးကပ်လာပြီ ဖြစ်သည့်အတွက် အားကစားနည်းများ ကျင်းပမည့် ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း လုံခြုံရေးကို အမြင့်ဆုံး အဆင့်ဖြင့် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။

အောက်တိုဘာလအတွင်း ဆီးဂိမ်းစ်အတွက် လျာထားသည့် ကုန်သည်ကြီးများ ဟိုတယ် အပါအ၀င် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ ဗုံးလန့်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။

ထို့အတွက် လုံခြုံရေး အခြေအနေအရ ဆီးဂိမ်းစ်အတွက် လျာထားသော ဟိုတယ်များကို လာမည့် အပတ်မှစ၍ ဟိုတယ်ဇုန် အဖွဲ့မှ လိုအပ်ချက်များ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

Eleven Media Group

RangonNewsDaily:: November . 3 .2013
ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဆီးဂိမ်းစ်တွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေအားကစားနည်းဖြင့် လက်ခံကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပစဉ် ခုနစ်ရက်တာ ကာလအတွင်း လုံခြုံရေးအတွက် အထူးကြပ်မတ်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးကြီး ထွန်းမင်းက ဆိုသည်။

''အဓိကတော့ ရဲတပ်ရင်း၊ တိုင်းရဲတပ်ဖွဲ့တွေရယ် ပြီးတော့ စီအိုင်ဒီတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးကို လုပ်ဆောင်မှာ ဖြစ်တယ်။ အင်အားအနေနဲ့ ကတော့ တပ်ဖွဲ့ဝင် ၄၀၀ ကျော် ၅၀၀ နီးပါးလောက်ရှိမယ်'' ဟု ဒုတိယရဲမှူးကြီး ထွန်းမင်းက ဆိုသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလမှာ နီးကပ်လာပြီ ဖြစ်သည့်အတွက် အားကစားနည်းများ ကျင်းပမည့် ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း လုံခြုံရေးကို အမြင့်ဆုံး အဆင့်ဖြင့် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။

အောက်တိုဘာလအတွင်း ဆီးဂိမ်းစ်အတွက် လျာထားသည့် ကုန်သည်ကြီးများ ဟိုတယ် အပါအ၀င် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ ဗုံးလန့်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။

ထို့အတွက် လုံခြုံရေး အခြေအနေအရ ဆီးဂိမ်းစ်အတွက် လျာထားသော ဟိုတယ်များကို လာမည့် အပတ်မှစ၍ ဟိုတယ်ဇုန် အဖွဲ့မှ လိုအပ်ချက်များ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment